100 Shares 23 Views

Baidu က လာမယ့်နှစ်မှာ မောင်းသူမဲ့ ဘတ်စ်ကားများကို ပြေးဆွဲမည်

Oct 19, 2017
100 23

တရုတ် အင်တာနက်ရှာဖွေမှု ကုမ္ပဏီ Baidu က သူ့ရဲ့ မောင်းသူမဲ့ ကား စီမံကိန်းများကို ပြောကြားလိုက်ပါတယ်။ Baidu CEO Robin Li က The Wall Street Journal ရဲ့ D Live နည်းပညာ ဆွေးနွေးပွဲမှာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မောင်းသူမဲ့ ကားများကို ပြေးဆွဲမယ့် အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။ သူက လာမယ့်နှစ်မှာ မောင်းသူမဲ့ ဘတ်စ်ကားများကို တရုတ်မှာ ပြေးဆွဲမယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်မှာ တစ်ဝက်တစ်ပျက် မောင်းသူမဲ့ နည်းပညာပါတဲ့ ကားများနဲ့ ၂၀၂၁ ခုနှစ်မှာ စွမ်းရည်ပြည့် မောင်းသူမဲ့ ကားများကို ပြေးဆွဲမယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

Li က မောင်းသူမဲ့ကား သုတေသနအတွက် ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံထားပြီး ဒီပမာဏဟာ ကုမ္ပဏီ ၀င်ငွေရဲ့ ၁၅ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။ မောင်းသူမဲ့ ဘတ်စ်ကားကို တရုတ် ဘတ်စ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးမှာ ဖြစ်ပေမယ့် ကုမ္ပဏီ အမည်ကို မပြောသေးပါဘူး။ ဘတ်စ်ကားဟာ ကိုယ်ပိုင် လမ်းပေါ်မှာ မောင်းနှင်မှာ ဖြစ်ပါတယ်။ ဘိုင်ဒူးက ကားများကို ထုတ်လုပ်မှာ မဟုတ်ဘဲ မောင်းသူမဲ့ နည်းပညာကိုသာ တီထွင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူက တရုတ် ကားထုတ်လုပ်သူ BAIC Motor နဲ့ ပူးပေါင်းထားပါတယ်။

ဘိုင်ဒူးက ယခုနှစ်အစောပိုင်းမှာ မောင်းသူမဲ့ကားပလက်ဖောင်း ဖြစ်တဲ့ Apollo ကို ဖန်တီးခဲ့ပါတယ်။ ဒီပလက်ဖောင်းမှာ နည်းပညာနဲ့ ကားနယ်ပယ်မှ နာမည်ကျော်များဖြစ်တဲ့ Ford, Daimler , Nvidia , Intel , Microsoft တို့ ပါဝင်ထားပါတယ်။

ref : mashable

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category