235 Shares 86 Views

ရက်များစွာ ဘက်ထရီ အသုံးခံတဲ့ Windows 10 Laptop များ ထွက်ပေါ်လာတော့မည်

Oct 19, 2017
235 86

Microsoft အရာရှိတစ်ဦးက Qualcomm Snapdragon Chips ပါတဲ့ အနာဂတ်မှာ ထုတ်လုပ်မယ့် Windows 10 Laptop များမှာ ဘက်ထရီ သက်တမ်းဟာ ရက်များစွာကြာ အသုံးခံမယ်လို့ ပြောပါတယ်။ အဲဒီလက်တော့များမှာ Qualcomm Snapdragon 835 SoC တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီ Chip များကို စမတ်ဖုန်းများမှာ အဓိက အသုံးပြုထားကြပြီး သူတို့ဟာ စွမ်းအင် အလွန် သက်သာစေတဲ့အတွက် ဘက်ထရီသက်တမ်း ကောင်းမွန်စေခြင်း ဖြစ်ပါတယ်။

Qualcomm ရဲ့ ဟောင်ကောင်မှာ ကျင်းပတဲ့ 5G Summit မှာ Microsoft မှ အရာရှိတစ်ဦး ဖြစ်သူ Pete Bernard က “ သူ့ရဲ့ ဘက်ထရီ သက်တမ်းဟာ ထင်မှတ်မထားလောက်အောင်ကို အလွန် ကောင်းမွန်ပါတယ်။ နေ့စဉ် အသုံးပြုဖို့အတွက် အဆင်ပြေပါတယ်။ ရုံးသွားရင်တောင် Charger ယူသွားဖို့ မလိုတော့ပါဘူး။ ၄ ၊ ၅ ရက်လောက်နေမှ တစ်ခါ အားသွင်းလို့ရပါတယ်။ ဒါဟာ လက်တော့များအတွက်တော့ ထူးခြားဆန်းသစ်တဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Snapdragon Chips များဟာ စွမ်းအင်စားသုံးမှု နည်းပါးသလို သမားရိုးကျ လက်တော့ ပရိုဆက်ဆာများထက် အရွယ်အစား သေးငယ်ပါတယ်။ အဲဒီအတွက် လက်တော့မှာ နေရာလွတ်များ ရရှိစေပြီး ကျစ်လစ်တဲ့ လက်တော့များ ဖန်တီးနိုင်သလို ပိုမိုကြီးမားတဲ့ ဘက်ထရီများ ထည့်သွင်းနိုင်ပါတယ်။

Microsoft က Windows 10 ရဲ့ ဘက်ထရီ သက်တမ်းကို ဆော့ဖ်ဝဲဖြင့်လည်း တိုးမြှင့်ပေးနေပါတယ်။ Microsoft က Windows 10 Creators Update မှာ လက်တော့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးထားတယ်လို့ မကြာခင်က ကြေညာလိုက်ပါတယ်။

ref : techradar

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category