461 Shares 139 Views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Oct 19, 2017
461 139

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ iPhone အသစ်ထွက်တာနဲ့ Fans များက ကြိတ်ကြိတ်တိုး ၀ယ်ယူအားပေးတဲ့အတွက် လျှင်မြန်စွာ ရောင်းကုန်သွားတတ်ပါတယ်။ ယခုစစ်တမ်းအရ iPhone 8 ဟာ ယခင်မျိုးဆက်များထက် စိတ်ဝင်စားမှု အားနည်းနေပါတယ်။

အမေရိကန် Wireless Carrier AT&T က ယခုနှစ် တတိယကွာတားရဲ့ ဟန်းဆက် အသစ်ဝယ်ယူမှုဟာ ယခင်နှစ်ကထက် အလုံးရေ ၉၀၀ ၀၀၀ နီးပါး လျော့နည်းတယ်လို့ ပြောပါတယ်။ ဒါဟာ iPhone 8 ၀ယ်လိုအား ကျဆင်းမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

iPhone 8 ဟာ iPhone 7 ထက် တိုးတက်ကောင်းမွန်မှု သိပ်မရှိတဲ့အတွက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြခြင်း ဖြစ်တယ်လို့ Customers များက ပြောပါတယ်။ iPhone 7 နဲ့ iPhone 8 တို့ဟာ ဒီဇိုင်းတူညီပြီး Specifications အပိုင်းမှာများစွာ တူညီကြပါတယ်။ iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ ပိုမြန်တဲ့ Chipset တို့လို တိုးတက်ကောင်းမွန်မှု အနည်းငယ်သာ ရှိပါတယ်။

iPhone 7 ကို လက်ရှိမှာ ၅၄၉ ဒေါ်လာနဲ့ iPhone 8 ကို ၆၉၉ ဒေါ်လာဖြင့် ရောင်းချပေးနေတဲ့အတွက် iPhone 7 ဟာ 8 ထက် ၁၅၀ ဒေါ်လာလောက် ပိုမို သက်သာနေပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် ၉၉၉ ဒေါ်လာတန် iPhone X ဟာ iPhone 7 ကို ကျော်တက်နို်င်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category