239 Shares 49 Views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Oct 19, 2017
239 49

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန် ၁၅ မိုင်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ကြီးမားတဲ့တာဘိုင်တိုင်ကြီး ၅ ခုလည်ပတ်နေမှာဖြစ်ပြီး ဒါဟာကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ် အစုအဝေးလို့လည်း သတ်မှတ်နိုင်ပါတယ်။ စကော့တလန်ရဲ့ဝန်ကြီးဖြစ်တဲ့ နီကိုလပ်စ်စူသာဂရမ်ကိုယ်တိုင် စွမ်းအင်လုပ်ကွက်ပေါ်မှာ လေဒဟတ်စတင်လည်ပတ်ဖို့အတွက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ သန်ရှင်းတဲ့လျှပ်စစ်စွမ်းအား 30 မဂ္ဂါဝပ်ကိုထုတ်လွှင့်ပေးမှာဖြစ်တာကြောင့် နေအိမ်ပေါင်း ၂ေ သာင်းလောက်ဟာ လျှပ်စစ်စွမ်းအင်အလုံအလောက်ရရှိမှာဖြစ်ပါတယ်။ လေဒဟတ်တွေကို ၁၂၀၀ တန်အလေးချိန်ရှိတဲ့ တာဘိုင် တွေနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ စုစုပေါင်းအရှည် ၂၅၃ မီတာရှိပြီး ပင်လယ်ကြမ်းပြင်ကနေအထက်ကို ၇၈ မီတာရှိမှာဖြစ်ပါတယ်။

ဒီဟာစကော့တလန်မှာရှိတဲ့ အင်ဂျင်နီယာတွေအတွက်တော့ လူသားပတ်ဝန်းကျင်အတွက် အကောင်းဆုံးမှတ် တိုင်စိုက်ထူနိုင်တယ်လို့ဆိုရမှာ။ ဒီစီမံကိန်းကို စွမ်းအင်ကုမ္ပဏီကြီး Statoil နှင့် Masdar တို့ပူးပေါင်းဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။ နောက်နှစ်(သို့)ယခုနှစ်မကုန်ခင်အတောအတွင်းမှာ စီမံကိန်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ရှိနေပြီး ၊စွမ်းအင်အလုပ်ခွင်တိုးတက်လာစေဖို့အတွက် ကြီမားတဲ့ 1MWh “Batwind” ဘက်ထရီတွေတပ်ဆင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။

ဗြိတိန်နဲ့စကော့တလန်နိုင်ငံတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာ ရှေ့ဆုံးကဦးဆောင်နေသူတွေဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ လက်ရှိအချိန်မှာ စကော့တလန်ပြီးနောက် အကြီးဆုံးလေဒဟတ် အစုအဝေးကြီးကို အိုင်းရစ်ပင်လယ်ပြင်မှာအကောင်အထည်ဖော်ဖို့ပြုလုပ်နေတာကြောင့် အနာဂတ်ရဲ့ အကြီးမားဆုံးကမ်းလွန်လေဒဟတ်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာနိုင်ပါတယ်။ စကော့တလန်အနေနဲ့ကတော ယခုစီမံကိန်းပြီးတဲ့နောက်မှာ ကမ္ဘာ့ပထမဦးဆုံးစီးပွားဖြစ်လေဒဟတ်မောင်းနှင်တဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ဖို့ လျာထားလျက်ရှိနေပါတယ်။

Ref: engadget

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category