172 Shares 45 Views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Oct 18, 2017
172 45

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android OS အဆင်မြင့်ခွင့် ပေးမယ်ဆိုတဲ့ အကြောင်းအတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ သူတို့ရဲ့အတည်ပြုချက်ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းကိုင်ဆောင်တဲ့သူတွေအတွက်တော့ သတင်းကောင်းတခုလို့ဆိုရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် Android OS အသစ်ထွက်တိုင်း မော်ဒယ်စမတ်ဖုန်းကိုချန်ထားလေ့ရှိပြီး နောက်ဆုံးပေါ်စမတ်ဖုန်းတွေကိုသာ အဆင့်မြင့်တင်ခွင့်ပေးလို့ပါ။ သို့ပေမယ်အဲ့ဒီကန့်သတ်ချက်မှာတော့ Google ကထုတ်တဲ့ စမတ်ဖုန်းတွေကိုက တော့မပါဝင်ပါဘူး။ ဘာကြောင့်လဲဆိုရင် Google ရဲ့ Android One စမတ်ဖုန်းတွေဟာ သက်ဆိုင်ရာထုတ်လုပ် သူနဲ့ ပူးပေါင်းပြီး အချိန်အတိုင်းအတာ တခုထိ OS Update ပြုလုပ်ခွင့်ရရှိနေကြလို့ပါ။

အခြားဘက်ကနေပြန်ကြည့်မယ်ဆိုရင်တော့ Lenovo ရဲ့ဖုန်းတွေကို OS အဆင့်မြင့်ခွင့်ပေးမယ့်အချိန်ဟာ အတည်ပြုချက်ပေးတဲ့အချိန်ကနေကြည့်မယ်ဆိုရင် ဝေးပါသေးတယ်။ တရုတ်ကုမ္မဏီအနေနဲ့ သူ့ရဲ့စမတ်ဖုန်း တွေဖြစ်တဲ့ K8 မှာ Oreo အဆင့်မြင့်ခွင့်ကို ဇွန် 2018 တွင်ပေးမှာဖြစ်ပြီး၊ အခြားဖုန်း၂လုံးဖြစ်တဲ့ K8 Plus နဲ့ K8 Noteကတော့ K8 ထက်တလနောက်ကျပြီး ဇူလိုင်လမှ ရရှိမှာပါ။

ဒါကြောင့် စမတ်ဖုန်းကိုင်ဆောင်သူတွေအနေနဲ့ ၈လကနေ ၉လကြားအချိန်ကိုစောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှသာ အဆင့်မြင့်တင့်ရမယ်ဆိုရင် စွမ်းဆောင်ရည်သင့် ဆိုပေမယ့် အတော်ဆိုးတဲ့အခြေအနေလို့ ဆိုရမှာပါ။ နောက်ထပ် ၁၀ လအကြာဆိုတဲ့အချိန်ဟာ စမတ်ဖုန်းတွေလည်းဟောင်းသွားပြီဖြစ်သလို၊ OS ထွက်ရှိချိန်နဲ့ ကြည့် လိုက်မယ်ဆိုရင်လည်း အချိန်တော်တော်ကြာသွားပါပြီ။ ခန့်မှန်းခြေပြောရမယ်ဆိုရင် Google ရဲ့ OS အသစ်ထုတ်ပြန်တှဲ့Schedule အရဆို 2018ရဲ့အဲ့ဒီအချိန်လောက်မှာ Android 9.0 တောင်မိတ်ဆက်နေလောက်ပါပြီ။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး K8 series စမတ်ဖုန်းသုံးတဲ့သူတွေအနေနဲ့ စောဒကတက်မှုတွေရှိနေပေမယ့် အားလုံးသော Lenovo စမတ်ဖုန်းတွေထဲကမှ Oreo ကိုရနိုင်မယ်ဆိုတာ အခြားသူတွေထက်အခွင့်အရေး ကောင်းတခုပါဘဲ။

Ref: androidpolice

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category