685 Shares 71 Views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Oct 18, 2017
685 71

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ အဲဒီ စစ်တမ်းကို ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့တာ ဖြစ်တဲ့အတွက် ယခုအချိန်မှာ ဒီပမာဏဟာ ပိုမို တိုးတက်လာနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

စစ်တမ်းက အမေရိကန် လူမျိုးများရဲ့ ၆၄ ရာခိုင်နှုန်းဟာ Apple Product တစ်ခုကို ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ အံ့အားသင့်စရာအကောင်းဆုံးက အသက်အရွယ်၊ လူမျိုး၊ လိင်၊ ကိုးကွယ်တဲ့ ဘာသာ အားလုံးဟာ အနည်းဆုံး Apple ထုတ်ကုန် တစ်ခုကို ပိုင်ဆိုင်ကြတယ်ဆိုတာ ဖြစ်ပါတယ်။

အဆင်းရဲဆုံး အမေရိကန် လူတစ်ဦးဟာ ပျမ်းမျှအားဖြင့် Apple ထုတ်ကုန်တစ်ခုကို ပိုင်ဆိုင်ပါတယ်။ အချမ်းသာဆုံး မိသားစုတစ်စုမှာ Apple ထုတ်ကုန် ၄.၇ ခု ရှိပါတယ်။ စစ်တမ်းက အမေရိကန် လူမျိုး ၆၄ ရာခိုင်နှုန်းရဲ့ စမတ်ဖုန်း အသုံးပြုမှုဟာ အလုပ်ကိစ္စများ၊ ကုန်ထုတ်လုပ်မှုများကို တိုးတက်စေတယ်လို့ ပြောပါတယ်။

ဒီနေ့ခေတ်မှာ Samsung, Google , Xiaomi နဲ့ အခြား နည်းပညာကုမ္ပဏီများစွာရဲ့ ထုတ်ကုန်များစွာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် စစ်တမ်းက အမေရိကန်လူမျိုးများအကြားမှာ ဘယ်ဘရန်းကမှ Apple ရဲ့ လူကြိုက်များမှုကို မယှဉ်နိုင်ဘူးလို့ ဆိုပါတယ်။

ref : mashable

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
112 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category