86 Shares 186 Views

iPhone 8 ကို အပျိုစင်ဘ၀နဲ့ လဲတဲ့ ဆယ်ကျော်သက် မိန်းကလေး

Oct 18, 2017
86 186

တရုတ်မှ အသက် ၁၇ နှစ်အရွယ် Xiao Chen အမည်ရ မိန်းကလေးဟာ iPhone 8 ၀ယ်ချင်တဲ့အတွက် သူမရဲ့ အပျိုစင်ဘ၀ကို စတာလင်ပေါင် ၂၃၀၀ ၀န်းကျင်နဲ့ လဲမယ်လို့ အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို Nana အမည်ရ Blogger က တွေ့ခဲ့ပြီး Xiao နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Xiao က သူမရဲ့ သူငယ်ချင်းတစ်ယောက်ဟာ သူဌေးတစ်ယောက်နဲ့ အိပ်ခဲ့ပြီး ငွေလွယ်လွယ်နဲ့ ရှာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ Xiao က သူမဟာ ရလာတဲ့ ငွေနဲ့ iPhone 8 ၀ယ်မယ်လို့ ပြောပါတယ်။ သူမရဲ့ သူငယ်ချင်းများဟာ iPhone 8 ကိုင်နေတဲ့အတွက် သူမလည်း ကိုင်ချင်တယ်လို့ ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် Nana က Xiao ရဲ့ ကမ်းလှမ်းခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံပေးမယ်လို့ ပြောခဲ့ပါတယ်။ Xiao ဟာ ချိန်းဆိုထားတဲ့ နေရာကို သွားခဲ့ပါတယ်။ ဗီဒီယို ရိုက်ကူးထားမှန်းလည်း မသိခဲ့ပါဘူး။ သူမဟာ ကုတင်ပေါ်မှာ ထိုင်နေတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားတစ်ဦးထဲ မဟုတ်ဘဲ သုံးဦး အခန်းထဲ ၀င်လာလို့ သူမဟာ ထိတ်လန့်သွားခဲ့ပါတယ်။ အမျိုးသားတစ်ဦးမှာ ကင်မရာ ကိုင်ထားပါတယ်။

Xiao ဟာ ကြောက်ရွံ့ပြီး အော်ဟစ်နေခဲ့ပါတယ်။ အဲဒီအချိန်ကျမှ Nana က အခန်းထဲဝင်လာပြီး အခုတော့ ကြောက်ပြီ မဟုတ်လားလို့ သူမကို မေးမြန်းခဲ့ပါတယ်။ Nana က အမျိုးသားများကို အခန်းထဲကနေ ထွက်ခိုင်းခဲ့ပြီး သူမကို iPhone 8 နဲ့ အပျိုစင်ဘ၀ကို မလဲသင့်ကြောင်း သင်ခန်းစာပေးခဲ့ပါတယ်။

ref : themirror

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category