212 Shares 52 Views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Oct 18, 2017
212 52

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။

Surface Book 2 မှာ မျက်နှာပြင်ကို ကီးဘုတ်ကနေ ဖြုတ်ပြီး တက်ဘလက်လို သုံးနိုင်ပါတယ်။ သူ့ကို အရွယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး ၁၃.၅ လက်မနဲ့ ၁၅ လက်မ မော်ဒယ်များ ဖြစ်ပါတယ်။ အရွယ်သေးမော်ဒယ်မှာ 3000×2000 Display နဲ့ အရွယ်ကြီး မော်ဒယ်မှာ 3240×2160 Display တပ်ဆင်ထားပြီး မျက်နှာပြင်များဟာ Surface Pen နဲ့ Surface Dial ကို ထောက်ပံ့ပါတယ်။

မော်ဒယ်နှစ်ခုစလုံးအတွက် 7th Generation Intel Kaby Lake Processor နဲ့ 8th Generation Intel Coffee Lake Processor များ ရွေးချယ်နိုင်ပါတယ်။ 256GB , 512GB , 1TB SSD နဲ့ 8GB , 16GB RAM များ ရွေးချယ်နိုင်ပါတယ်။

USB-A 3.0 Port နှစ်ခု ၊ USB-C Port တစ်ခု၊ SD Slot ၊ Headphone Jack များ ပါပါတယ်။ Microsoft က Surface Book 2 မှာ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ထားပြီး ကီးဘုတ် တပ်ဆင်ထားရင် ၁၇ နာရီ၊ တက်ဘလက်လို သုံးရင် ၅ နာရီကြာ ဗီဒီယိုများ ကြည့်နိုင်တယ်လို့ ပြောပါတယ်။ အခြေခံမော်ဒယ်များရဲ့ ဈေးနှုန်းဟာ ၁၃.၅ လက်မအတွက် ၁၄၉၉ ဒေါ်လာနဲ့ ၁၅ လက်မအတွက် ၂၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရောင်းချမှာပါ။

ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category