410 Shares 131 Views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Oct 18, 2017
410 131

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ Full HD Display နှစ်ခုကို တွဲဆက်ထားပါတယ်။ သူ့ကို ဖြန့်ထားရင် ၆.၇၅ လက်မ မျက်နှာပြင်ကျယ်ကို သုံးနိုင်မှာပါ။

သူ့မှာ Mode လေးခုပါပြီး Dual Mode က မျက်နှာပြင်တစ်ခုမှာ App တစ်ခုစီကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Extended Mode ကတော့ ၆.၇၅ လက်မ မျက်နှာပြင်ကျယ်ကို တစ်စုတစ်စည်းထဲ သုံးနိုင်ပါတယ်။ Mirror Mode က မျက်နှာပြင်နှစ်ခုမှာ တူညီတဲ့ Content များကို ပြသပေးပါတယ်။ Traditional Mode ကတော့ ခေါက်ချိုးအသုံးပြုတဲ့အခါမှာ သာမာန် စမတ်ဖုန်းလို ပြသပေးပါတယ်။

Axon M ကို Snapdragon 821 Chipset မောင်းနှင်မှာပါ။ 4GB RAM , 64GB Storage ထည့်သွင်းထားပါတယ်။ ခေါက်ချိုး စမတ်ဖုန်း ဖြစ်တဲ့အတွက် 20MP Camera တစ်လုံးသာပါပါတယ်။ စပီကာနှစ်ခုနဲ့ 3.5mm Headphone Jack ပါပါတယ်။ 3180mAh Battery နဲ့ Android 7.12 Nougat ထည့်သွင်းထားပါတယ်။

လာမယ့်လမှာ အမေရိကန်တွင် AT&T ကနေ ၇၂၅ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။ တစ်လလျှင် ၂၄.၁၇ ဒေါ်လာဖြင့် လပေါင်း ၃၀ အရစ်ကျဝယ်ယူနိုင်မယ့် အစီအစဉ်လည်း ရှိပါတယ်။ တရုတ်၊ ဥရောပနဲ့ ဂျပန်မှာလည်း ရောင်းချပေးမယ်လို့ ထင်ရပါတယ်။

ref : gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category