380 Shares 130 Views

OnePlus 5T ကိုနိုဝင်ဘာ ၅ ရက်နေ့မှာ မိတ်ဆက်တော့မည်

Oct 18, 2017
380 130

ယခုအစောပိုင်းကထွက်ပေါ်လာတဲ့ကောလာဟလသတင်းတွေမှာ OnePlus 5T ဟာထွက်ပေါ်လာနိုင်ခြေမရှိ ဘူးလို့ဆိုပါတယ်။ သို့ပေမယ့်ပြီးခဲ့တဲ့တပတ်ကထပ်မံထွက်လာတဲ့ ကောလာဟလအသစ်မှာတော့ OnePlus 5T ထွက်ရှိဖို့အတွက် အသင့်ဖြစ်နေခဲ့ပြီလို့ဆိုပါတယ်။ ဘယ်လိုပဲသတင်းပေါက်ကြားမှုတွေထွက်ပေါ်ခဲ့ပါစေ အခု တော့ OnePlus 5T ထွက်လာတော့မယ်ဆိုတဲ့ သတင်းတွေကအမှန်တကယ်ဖြစ်လာပါပြီ။

OnePlus ဟာအခုတော့ကုမ္မဏီကအသစ်ထွက်လာမယ့် ဖုန်းနဲ့ပတ်သတ်ပြီး ဖိတ်စာတွေပေးပို့နေပါပြီ။ နိုဝင်ဘာ ၅ ရက်နေ့ တရုတ်နိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ ဖိတ်စာမှာပြသထားတဲ့ ပုံအရလုပ်ဆောင်ချက်အဆင့်မြင့်တဲ့ ဘေးဘောင်ပျောက်စမတ်ဖုန်းဖြစ်နိုင်ပြီး T ပုံသဏ္ဍာန်ပါဝင်တာကြောင့် OnePlus 5T ကလွဲပြီးအခြားမဖြစ်နိုင် တော့ပါဘူး။ လက်ရှိအချိန်မှာ သူတို့ဆီကထွက်ထားတဲ့စမတ်ဖုန်းဖြစ်တဲ့ OnePlus 5 ရောင်းချခြင်းကိုလည်း ကမ္ဘာတလွားရပ်ဆိုင်းလိုက်ပြီလို့ဆိုပါတယ်။ OnePlus ရဲ့တရားဝင်အရောင်း ဝက်ဘ်ဆိုက်မှာကို Buy ဆိုတဲ့ button ကိုဖယ်ရှားလိုက်ပါပြီ။ သို့ပေမယ်အိန္ဒိယမှာကျင်းပနေတဲ့ ပွဲတော်မှာတော့ နိုင်ငံတကာနည်းပညာကုမ္ပဏီ တွေနည်းတူ ရောင်းချလျက်ပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ OnePlus အနေနဲ့ မကြာသေးမီကာလတုန်းက သူတို့ရဲ့ဖုန်းကို အသုံးပြုသူများရဲ့ဖုန်းထဲမှ အချက်အလက်များကို ရယူခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး OnePlus က သူတို့ဟာ စမတ်ဖုန်း အသုံးပြုသူများဆီမှ အချက်အလက်များကို ရယူခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ကမှ ဝန်ခံပြောကြားခဲ့ပါသေးတယ်။ OnePlus ဟာ သူတို့ဖုန်းအသုံးပြုသူများရဲ့ lMEl နံပါတ်၊ MAC လိပ်စာ၊ မိုဘိုင်းကွန်ယက်အမည်၊ Wi-Fi SSlDs တို့ကို အမှန်တကယ်ရယူခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး OnePlus ကို ပူးတွဲတည်ထောင်တဲ့ ကားလ်ပိုင်ကိုယ်တိုင်က အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့ဟာ စမတ်ဖုန်းအသုံးပြုသူများရဲ့ဖုန်းများထဲမှ ဖုန်းနံပါတ်များ၊ MAC လိပ်စာများ၊ Wi-Fi သတင်းအချက်အလက်များကို ဆက်လက်ရယူသွားတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် OnePlus ပေါ်သုံးစွဲသူတွေရဲ့ယုံကြည်မှု လျော့ကျသွားနိုင်ပြီး အသစ်ထွက်စမတ်ဖုန်းပေါ်မှာ တော့ အနည်းနဲ့အများရိုက်ခတ်နိုင်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်ထိ OnePlus 5T နဲ့ပတ်သတ်တဲ့ အချက်အလက်တွေထဲမှာ ၆ လက်မအရွယ်အစားနဲ့ ကြီးမားတဲ့ဘေးဘောင်ပျောက်ဖန်သားပြင်ပါ ဝင်မယ်ဆိုတာကလွဲလို့ အခြားအချက်အလက်တွေကို မသိရှိရသေး ပါဘူး။

Ref: androidauthority

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category