244 Shares 52 Views

Qualcomm မှ အလယ်အလတ်အဆင့်ရှိ Snapdragon 636 CPU အသစ်ကို မိတ်ဆက်

Oct 18, 2017
244 52

ဟောင်ကောင်မှာ ကျင်းပနေတဲ့ 4G/5G Summit မှာပရိုဆက်ဆာထုတ်လုပ်သူ Qualcomm အနေနဲ့ မိုဘိုင်းပရိုဆက်ဆာလောကအတွက် နည်းပညာအသစ်တွေကို ဝင်ရောက်ပြသလျက်ရှိပါတယ်။ ဒီပွဲမှာ Qualcomm ဟာ 14nm FinFET သစ်နဲ့ ဖန်တီးထားတဲ့ Snapdragon 636 Chipset သစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။

Snapdragon 636 ဟာ Snapdragon 630 ကို အဆင့်မြင့်ထားတဲ့ Chipset ဖြစ်ပါတယ်။ Quick Charge 4.0 ပါဝင်ပြီး Ultra-Wide လို့ဆိုနိုင်တဲ့ 18:9 FHD+ (2160×1080) Pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ CPU အမြန်နှုန်းက 1.8GHz ဖြစ်ပြီး ယခင် Snapdragon 630 Processor ထက် ၄၀ ရာခိုင်နှုန်းပိုပြီး Performance ကောင်းနေမှာဖြစ်တယ်လို့ဆိုပါတယ်။ Andreo 509 GPU ကလည်း Gaming Performance အပိုင်းမှာ ယခင်ထက် ၁၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်လာမှာပါ။

ကင်မရာပိုင်းမှာဆိုရင် Snapdragon 636 က ကျောဘက်ကင်မရာတစ်ခုတည်းဆိုရင် 24MP အထိ ထောက်ပံ့နိုင်ပြီး ကျောဘက်ကင်မရာနှစ်ခုဆိုရင် 16MP အထိ ထောက်ပံ့နိုင်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဗီဒီယိုမှတ်တမ်းတင်မှုကို 1080p @120fps (သို့မဟုတ်) 4K @30fps ထောက်ပံ့နိုင်ပါတယ်။ ဗီဒီယိုရုပ်ပြသမှုမှာလည်း 4K ကိုတိုက်ရိုက် ထောက်ပံ့ပေးနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ Qualcomm ရဲ့ Quick Charge 4.0 စနစ်ကိုလည်း Snapdrgon 636 မှာထည့်သွင်းလာ ပါတယ်။

Snapdragon 636 က တစ်က္ကန့်လျှင် 600 Mbps ဒေါင်းလော့ခ်လုပ်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ Qualcomm အနေနဲ့ 5G Modems ၊ Radios တွေနဲ့ Network တွေကို လာမယ့်နှစ်တွေထဲမှာ စမ်းသပ်ဖို့အတွက် 5G Smartphone Reference Design ကို ထုတ်ဖော်ပြသပေးခဲ့ပါတယ်။ အဆိုပါ Reference Design ဖုန်းဟာ 9mm အထူရှိပြီး Edge to Edge Display ပါဝင်မှာဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 636 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကိုတော့ လာမယ့်နိုဝင်ဘာလလောက်မှာမှ စတင်မြင်တွေ့ရနိုင်ပါတယ်။

Ref: theinquirer

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category