410 Shares 116 Views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Oct 17, 2017
410 116

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8 မှာလည်း Portrait Mode ရရှိအောင်ပြုလုပ်ပေးသွားဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

Galaxy S8 အသုံးပြုသူတဦးရဲ့ Samsung Electronics ကိုမေးမြန်းထားတဲ့ မေးခွန်းတခုရဲ့ ပြန်ကြားချက်ကနေ သိရှိခဲ့ရပါတယ်။ S8 သုံးစွဲသူတွေကို Pixel 2 နဲ့တူညီတဲ့လုပ်ဆောင်ချက်လိုမျိုး Portrait Mode လုပ်ဆောင်ချက်တိုးမြင့်ပေးဖွယ်ရှိနိုင်မလားဆိုတဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ Samsung Electronics ရဲ့ဖြေကြားချက်မှာတော့ ဒီမေးခွန်းအပေါ်မှာ တိကျတဲ့သတင်းပြန်ကြားချက်ကို မပေးနိုင်သေးပါဘူး။

သို့ပေမယ့် နောက်အသစ်ထုတ်ပေးမယ့် Software Update မှာတော့ Portrait Mode လုပ်ဆောင်ချက်ကို ရရှိကောင်းရရှိနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ Galaxy S8 မှာ Galaxy Note 8 မှာလို Telephoto ကင်မရာလုပ်ဆောင်ချက်မပါဝင်တာကြောင့် နောက်ခံမှုန်ဝါးတဲ့ပုံရိပ်တွေဖမ်းယူလို့မရနိုင်ပါဘူး။သို့ပေမယ့် နောက်ကျောဘက်ကင်မရာတလုံးသာတပ်ဆင်ပေးထားတဲ့ Google Pixel 2 နဲ့ 2 XL မှာတော့ Telephoto ကင်မရာလုပ်ဆောင်ကသုံးလို့ရပါတယ်။ 12.2MP Rear Camera ပါပြီး Optical Image Stabilization နဲ့ Electronic Image Stabilization နည်းပညာများ ပါပါတယ်။

Google က Dual Pixel Sensor လို့ ပြောပါတယ်။ ကင်မရာနှစ်လုံးမပါဘဲ iPhone 7 , iPhone 8 Plus တို့လို နောက်ခံကို Blur လုပ်နိုင်တဲ့ Portrait Mode ကိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ Google က သူ့ရဲ့ Portrait Effect ဟာ လူသာမက အရာဝတ္ထုများအတွက်လည်း အလုပ်လုပ်တယ်လို့ ပြောပါတယ်။တကယ်လို့ဒီလုပ်ဆောင်ချက်ကို S8 မှာသာရသွားမယ်ဆိုရင်၊သူရဲ့ညီအကိုတော်လို့ သတ်မှတ်နိုင်တဲ့ S8 + မှာပါ ရသွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် Samsung အနေနဲ့ Software Update ကိုတစ်ပြိုင်နက်ပြုလုပ်ပေးသွားနိုင်လို့ပါ။

Ref: gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category