181 Shares 27 Views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Oct 17, 2017
181 27

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။

Facebook ဟာ လက်ရှိမှာ ပရိုဖိုင်များရဲ့ Work and Education ကဏ္ဍမှာ Users များရဲ့ လက်ရှိအလုပ်နဲ့ အလုပ်အတွေ့အကြုံများကို ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ယခုစမ်းသပ်နေတဲ့ စွမ်းဆောင်ချက်က အဲဒီကဏ္ဍမှာ ကဏ္ဍငယ်အသစ်အချို့ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး Users များအနေဖြင့် အလုပ်အတွေ့အကြုံများကို အသေးစိတ်ရေးသားနိုင်မှာ ဖြစ်ပါတယ်။

စမ်းသပ်နေတဲ့ Feature ကို ရိုက်ကူးထားတဲ့ Screenshot များအရ သင့်ရဲ့ Public Profile မှာ အသေးစိတ် သတင်းအချက်အလက်များကို မြင်ရမှာ မဟုတ်ပါဘူး။ အဲဒီအတွက် Facebook က အလုပ်ခေါ်ယူနေသူများ၊ ကုမ္ပဏီများကသာ အဲဒီ အသေးစိတ် သတင်းအချက်အလက်များကို မြင်နိုင်အောင် လုပ်ပေးထားပုံပေါ်ပါတယ်။

Facebook ဟာ လူမှုကွန်ရက်မှာ အလုပ်အကိုင်များ ရှာဖွေခြင်း၊ ခေါ်ယူခြင်း နယ်ပယ်ကို စတင် ၀င်ရောက်လာပြီဆိုတာကို ပြသနေပါတယ်။ ယခုစွမ်းဆောင်ချက်နဲ့အတူ အလုပ်ရှာတဲ့ Search Function ကိုလည်း ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်။

ref : mashable

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category