387 Shares 163 Views

နည်းပညာ ကော်ပီကူးယူမှုဖြင့် တရားရုံးက Apple ကို ဒေါ်လာ ၄၃၉.၇ သန်း ပေးဆောင်ရန် အမိန့်ချ

Oct 17, 2017
387 163

အမေရိကန် တရားရုံးက VirnetX ရဲ့ Patent များကို FaceTime နဲ့ အချို့ iOS Apps များမှာ အသုံးပြုထားတဲ့အတွက် Apple အား ဒေါ်လာ ၄၃၉.၇ သန်း ပေးဆောင်ရန် အမိန့်ချလိုက်ပါတယ်။ ဒါဟာ တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပေမယ့် Apple က အယူခံဝင်မယ်လို့ The Verge ကို ပြောပါတယ်။ Apple နဲ့ VirnetX တို့ဟာ နည်းပညာ ကော်ပီကူးယူမှုဖြင့် ၂၀၁၂ ခုနှစ်ကတည်းက တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

VirnetX က ၂၀၁၀ ခုနှစ်မှာ Apple ကို ပထမဆုံး တရားစွဲဆိုခဲ့ပြီး နှစ်နှစ်အကြာမှာ တရားရုံးက ဒေါ်လာ ၃၆၈ သန်း ပေးဆောင်ဖို့ Apple အား အမိန့်ချခဲ့ပါတယ်။ နောက်ထပ် တစ်ကြိမ် တရားစွဲဆိုမှုကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီ အမှုကို ယခု အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ Apple ဟာ တရားစွဲဆိုမှုများအတွက် အယူခံ ၀င်ခဲ့ပြီး ငါးနှစ်အကြာမှာ နစ်နာကြေးဟာ ပိုမို များပြားလာခြင်း ဖြစ်ပါတယ်။ ဒါဟာ တရားသူကြီးက Apple Device တစ်ခုအတွက် နစ်နာကြေး ၁.၂ ဒေါ်လာကနေ ၁.၈ ဒေါ်လာသို့ တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ကော်ပီကူးယူပါတယ်လို့ စွပ်စွဲထားတဲ့ နည်းပညာများကို iPhone, iPad , Mac များမှာ အသုံးပြုထားပါတယ်။

VirnetX ဟာ ထုတ်ကုန်များ ထုတ်လုပ်ခြင်း မရှိဘဲ Patents များကို လိုင်စင်ယူထားပြီး အခြား ကုမ္ပဏီများကို နစ်နာကြေးတောင်းနေတဲ့ Patent Troll Company တစ်ခုလို့ သိရပါတယ်။ နည်းပညာ ကုမ္ပဏီကြီးများဟာ ဒီလို ကုမ္ပဏီများရဲ့ တရားစွဲဆိုမှုကို မကြာခဏရင်ဆိုင်နေရပါတယ်။ Apple က နည်းပညာ ကော်ပီကူးယူထားခြင်း မဟုတ်ဘူးဆိုတာ ဘယ်လို သက်သေပြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ref : theverge

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category