292 Shares 69 Views

တရုတ်က နိုင်ငံသား အားလုံးကို မျက်နှာအာရုံခံ နည်းပညာဖြင့် စစ်ဆေးမည်

Oct 17, 2017
292 69

ကမ္ဘာ့ထိပ်တန်း နည်းပညာ ထုတ်ကုန် ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ တရုတ်ဟာ ၁.၃ ဘီလီယမ် လူဦးရေရှိတဲ့ သူ့နိုင်ငံသားအားလုံးကို မျက်နှာခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်မယ့် နည်းပညာကို ရရှိလိုက်ပါပြီ။ South China Morning Post က ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူလုံခြုံရေး ၀န်ကြီးဌာနက အဲဒီနည်းပညာနဲ့ Database ကို ဖန်တီးဖို့ ရှန်ဟိုင်းအခြေစိုက် လုံခြုံရေး ကုမ္ပဏီ ဖြစ်တဲ့ IsVision ကို တာဝန်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

သူတို့ရဲ့ နည်းပညာက နိုင်ငံအ၀န်းမှာ ကင်မရာကွန်ရက်များ တပ်ဆင်ပြီး နိုင်ငံသားများကို အချိန်ပြည့်ထောက်လှမ်းမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ သုံးစက္ကန့်အတွင်းမှာ လူတစ်ယောက်ကို သိရှိပြီး ၈၈ ရာခိုင်နှုန်းနဲ့ အထက် တိကျပါတယ်။ လက်ရှိမှာတော့ တရုတ် အစိုးရက ရာဇ၀တ်မှု ကျူးလွန်ထားဖူးသူများနဲ့ သံသယရှိသူများကို ဒီလို နည်းပညာဖြင့် ထောက်လှမ်းနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်လှမ်းဖို့အတွက်တော့ အထက်ဖော်ပြပါနည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို စတင် အသုံးပြုမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ တရုတ်အစိုးရက Cloud အခြေပြု စနစ်ကို အသုံးပြုမှာ ဖြစ်ပြီး မီးပွိုင့်များ၊ ဘူတာရုံများနဲ့ အထင်ကရ တည်နေရာများမှာ ကင်မရာများကို တပ်ဆင်မှာ ဖြစ်ပါတယ်။

တရုတ်အစိုးက ပြည်သူများရဲ့ လုံခြုံရေးအတွက် ဒီနည်းပညာကို အသုံးပြုမှာ ဖြစ်ပေမယ့် ပြည်သူများရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်စေတယ်လို့လည်း သုံးသပ်နေကြပါတယ်။ တရုတ်ဟာ မီဒီယာများအပေါ်လည်း တားဆီးပိတ်ပင်မှုများစွာ ပြုလုပ်ထားပြီး ကမ္ဘာ့ မီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ တွင် နံပါတ် ၁၇၆ နေရာမှာ ရပ်တည်နေပါတယ်။

ref : tnw

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category