334 Shares 113 Views

အကြမ်းခံ ကိုယ်ထည်နဲ့ S Pen ပါတဲ့ Samsung Galaxy Tab Active 2 ကို ကြေညာပြီ

Oct 17, 2017
334 113

Samsung Netherlands က အကြမ်းခံ ကိုယ်ထည် တပ်ဆင်ထားတဲ့ Galaxy Tab Active 2 တက်ဘလက်ကို မိတ်ဆက်လိုက်ပါတယ်။ တက်ဘလက်ဟာ စစ်တပ်အဆင့် စံနှုန်းဖြစ်တဲ့ MIL-STD-810 ကို ထောက်ပံ့တဲ့အတွက် အလွန် အကြမ်းခံပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံပြီး ဖုန်များမ၀င်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တက်ဘလက်မှာ ၈ လက်မ 1280x800p Display တပ်ဆင်ထားပြီး လက်အိတ်ဝတ်ဆင်ထားရင်တောင် အသုံးပြုနိုင်တဲ့ High Sensitivity Mode ပါပါတယ်။ Home Button အောက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Samsung Galaxy Tab Active 2 မှာ S Pen ဒစ်ဂျစ်တယ် ဘောပင်နဲ့ Bixby ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ပါပါတယ်။ Bixby ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပြီး သူက ကင်မရာကနေ ချိန်ရွယ်ထားတဲ့ အရာဝတ္ထုများ၊ အဆောက်အဦးများရဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်လောက်အောင် ဥာဏ်ရည်မြင့်မားပါတယ်။

တက်ဘလက်ရဲ့ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ ဖြုတ်၊ တပ် နိုင်တဲ့ ဘက်ထရီ ပါပြီး တက်ဘလက်က အခြား Device များကို အားသွင်းပေးနိုင်ခြင်းက ထူးခြားတဲ့ စွမ်းရည် ဖြစ်ပါတယ်။ နယ်သာလန်မှာ နိုဝင်ဘာလနှောင်းပိုင်းမှာ ရောင်းချပေးမှာ ဖြစ်ပြီး ယူရို ၅၀၀ သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category