462 Shares 156 Views

Huawei က ဥာဏ်ရည်တု Chip ၊ Leica Dual Camera နဲ့ QHD Display ပါတဲ့ Mate 10 ကို ကြေညာ

Oct 17, 2017
462 156

Huawei က ယခင်နှစ်ထုတ် မော်ဒယ်လိုပဲ 16:9 Screen တပ်ဆင်ထားတဲ့ Mate 10 ကို မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် အရည်အသွေးကို QHD သို့ မြှင့်တင်ပေးထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၉၉ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၅.၉ လက်မဖြစ်ပြီး HDR10 ကို ထောက်ပံ့ပါတယ်။

အနောက်ဘက်မှာ Leica က ထုတ်လုပ်ပေးထားတဲ့ Dual Camera အသစ်များ ပါလာပြီး 12MP Color Sensor နဲ့ 20MP Black & White Sensor များ ဖြစ်ပါတယ်။ ကင်မရာများမှာ OIS, Laser , Phase Detection AF များပါပါတယ်။ ဥာဏ်ရည်တု အထောက်အကူပြု ဒစ်ဂျစ်တယ် Zoom ကို ၂ ဆဆွဲနိုင်ပြီး 4K Video များ ရိုက်ကူးနိုင်ပါတယ်။ Slefie Camera ကတော့ 8MP ဖြစ်ပါတယ်။

ဥာဏ်ရည်တုနည်းပညာပါတဲ့ Kirin 970 က ဘာသာပြန်ခြင်းကနေ ကင်မရာက ချိန်ရွယ်ထားတဲ့ အဆောက် အဦးများ၊ အရာဝတ္ထုများရဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးခြင်းများအထိ လုပ်ဆောင်ပေးပါတယ်။ Android 8.0 Oreo အခြေပြု EMUI 8.0 ပါပါတယ်။ ဖုန်းကို မော်နီတာနဲ့ ချိတ်ဆက်ပြီး ဒတ်စတော့လို သုံးနိုင်မယ့် ဆော့ဖ်ဝဲ ပါပါတယ်။ Split Screen ဖြင့် App ၂ ခုကို ဘေးချင်းယှဉ်၍ သုံးနိုင်ပါတယ်။

4GB RAM , 64GB Storage ပါပြီး microSD Card စိုက်နိုင်ပါတယ်။ Hybrid Dual SIM Slot တပ်ဆင်ထားပါတယ်။ 4000mAh Battery ပါပြီး ၂၀ မိနစ်အားသွင်းရင် တစ်နေ့လုံး အသုံးခံပါတယ်။ သူ့ရဲ့ ရေစိုခံ စံနှုန်းက အားနည်းပြီး IP53 အဆင့်သာရှိပါတယ်။ သူ့မှာ Mate 10 Pro လို 3.5mm Headphone Jack ကို ဖယ်ရှားထားခြင်း မရှိပါဘူး။ ယခုလနှောင်းပိုင်းမှာ ယူရို ၇၀၀ ဖြင့် ရောင်းချမှာပါ။

ref : gsmarena

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category