242 Shares 139 Views

iPhone X အစား iPhone 8 ကိုဝယ်ယူသင့်တဲ့ အချက် 6 ချက်

Oct 16, 2017
242 139

Apple အနေနဲ့ယခုလအတွင်းမှာ iPhone အသစ် ၃ မျိုးကိုထုတ်ပြန်ကြေညာခဲ့ပြီး သူတို့ကတာ့ iPhone 8, iPhone 8 Plus နဲ့တန်းမြင့်စမတ်ဖုန်းလို့သတ်မှတ်နိုင်တဲ့ iPhone X တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $699, $799 နဲ့ $999 အသီးသီးဖြစ်ကြပါတယ်။ အသစ်ထွက် iPhone တွေထဲမှာ iPhone8 တွေထက်စာရင် နိုဝင်ဘာ 3 ရက်နေ့မှာထွက်လာမယ့် iPhone X ကိုသုံးစွဲသူတွေက ပိုမိုမျှော်လင့်နေကြပါတယ်။ သို့ပေမယ့် iPhone 8 မှာလည်း ပြည့်စုံကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ ရှိပြီးသားပါ။ ဒါကြောင့် iPhone X အစား iPhone 8 ကိုရွေး ချယ်ဝယ်ယူသင့်တဲ့ အကြောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

တူညီတဲ့ပါဝါစွမ်းအား

iPhone X အစား iPhone 8 နဲ့ 8 Plus ကိုဝယ်ဖို့စဉ်းစားသင့်တဲ့ အချက်တွေထဲက ပထမအချက်ကတော့ သူတို့အားလုံးမှာလုပ်ဆောင်ချက်ပိုင်းတူညီပါတယ်။ စမတ်ဖုန်းတခုခြင်းဆီမှာ Apple ရဲ့အသစ်ဖြစ်တဲ့ A11 Bionic chip အာရုံကြောအင်ဂျင်တို့နဲ့အတူ M11 Motion Coprocessor ကိုသုံးထားပါ တယ်။ တခုတည်းသောကွာခြားချက်တော့ရှိနေပါတယ်။ အဲ့ဒါကတော့ iPhone X မှာမှ သုံးနိုင်တဲ့ Face-Detection စနစ်နဲ့ Face ID ကိုအကောင်းဆုံးထိန်းချုပ်မောင်းနှင်ဖို့အတွက် A11 Chip ကိုသုံးထားတာပါ။ ဒီလုပ်ဆောင်ချက်ကတော့ iPhone 8 မှာမသုံးနိုင်ပါဘူး။ iOS 11 ကိုပဲသုံးနိုင်တာဖြစ်ပြီး အကောင်းဆုံး App သုံး နိုင်စွမ်းတွေကလည်းတူညီပါတယ်။

မျက်မြင်ထင်ရှားသက်သေဖြစ်တဲ့ Touch ID

2013 ခုနှစ် iPhone 5S ထဲကစတင်ပြောင်းလဲလာခဲ့တာဖြစ်ပြီး သင့်မိုဘိုင်းဖုန်းကိုဖွင့်ဖို့ Password သိမ်းဆည်းဖို့ ၊Apple Pay ကိုအသုံးပြုပြီး ကုန်စည်တွေဝယ်နိုင်ဖို့ ကျွန်တော်တို့ရဲ့လက်ဗွေရာကိုအသုံးပြုရတဲ့ Touch ID စနစ်ဟာ ယနေ့အချိန်ထိအကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်နေတုံးပါ။ Touch ID နဲ့ အလုပ်လုပ်တဲ့ App အားလုံးဟာ FaceID နဲ့ အလုပ်လုပ်ပါတယ်။ အဲဒီအထဲမှာ Apple Pay လည်း ပါဝင်ပါတယ်။ Apple ရဲ့ပြောကြားချက်အရ အနီအောက်ရောင်ခြည်စနစ်နဲ့၊ ရှေ့ကင်မရာတို့ ပူးပေါင်း ပြီး အလုပ်လုပ်မယ့် စနစ်ဟာ သင်အမှောင်ထဲမှာ ရှိနေရင်တောင် ဖုန်းကိုဖွင့်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် သင့်အတွက်ဒီစနစ်က အမှန်တကယ်လိုအပ်ရဲ့လားဆိုတာ လည်းစဉ်းစားသင့်ပါတယ်။ သန်းပေါင်းများစွာသော လူတွေဟာ ဒီနည်းပညာကိုသုံးမယ်ဆိုရင် တစ်ကြိမ်မှာတော့လွဲချော်မှု တွေဖြစ်နိုင်ပါတယ်။ အဲ့အချိန်မှာတော့ သုံးတဲ့သူတွေအနေနဲ့ Touch ID ကိုသတိရကြမှာပါ။

အားသွင်းမြန်ဆန်တဲ့စနစ်က ဖုန်းအားလုံးမှာပါဝင်

ဖုန်းအားလုံးမှာလက်ရှိ ကြိုးမဲ့အားသွင်းနည်းပညာမှာ စံအဖြစ်အပြောခံရတဲ့ Qi က Support လုပ်ပေးထားပါတယ်။ iPhone X မှာတော့ ကြိုးမဲ့အားသွင်းစနစ်ပါလာပြီး AirPower အမည်ရ Charging Pad နဲ့ တွဲဖက် အသုံးပြုရမှာပါ။ AirPower က Apple Watch, AirPods တို့ကိုလည်း တစ်ပြိုင်နက် ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ အခုတော့မရနိုင်သေးပါဘူး။ တူညီတဲ့အားသွင်းမှုလုပ်ဆောင်ချက်တွေပါဝင်နေရဲ့သားနဲ့ဘာလို့ ဒေါ်လာ 1 ထောင်တန်ဖုန်းကို ရွေးချယ်နေအုံးမှာလဲ။

တူညီတဲ့ကင်မရာစွမ်းဆောင်မှု

iPhone 8 Plus နဲ့ iPhone X တို့ရဲ့အနောက်ဘက်ကင်မရာဟာ တူညီတဲ့လုပ်ဆောင်ချက်တွေရှိနေပါတယ်။ iPhone Series များမှာ 12MP Cameras များကို အသုံးပြုထားပါတယ်။ iPhone 8 ကင်မရာကလည်း ပုံရိပ်တွေ ကိုအကောင်းဆုံးရိုက်ကူးနိုင်ပါတယ်၊သို့ပေမယ့် iPhone 8 Plus မှာတပ်ဆင်ထားတဲ့ ဒုတိယ Telephoto Lens ဟာပုံရိပ်တွေကို အနီးကပ်ဆွဲယူရိုက်ကူးတဲ့အခါမှာ ဝေဝါးမသွားစေဖို့ ကူညီပေးပါလိမ်မယ်။ iPhone 8 Plus နဲ့ iPhone X နဲ့အဓိက ကင်မရာကွာခြားချက်ကတော့ iPhone X ရဲ့Telephoto နဲ့ Wide Lens ၂ ခုစလုံးမှာ Optical Image Stabilization ကိုအသုံးပြုထားတာပါ။ iPhone X ရဲ့ Sensors များဟာ ပိုမိုကြီးမားပြီး မြန်ဆန်လာပါတယ်။ iPhone 8 Plus မှာတော့ OIS သီးသန့်သာပါဝင်ပါလိမ့်မယ်။

တူညီတဲ့အရှေ့ဘက်ကင်မရာလုပ်ဆောင်မှု

စာရွက်ပေါ်ကအချက်အလက်တွေကြည့်လိုက်မယ်ဆိုရင်တော့ iPhone 8 နဲ့ 8 Plus ရဲ့ FaceTime HD လုပ်ဆောင်ချက်နဲ့ iPhone X ရဲ့အရှေ့ဘက်ကင်မရာမှာထည့်သွင်းထားတဲ့ TrueDepth ကင်မရာလုပ်ဆောင်ချက်ကတူညီနိုင်ပါတယ်။ 7-megapixel photos မှာ ƒ/2.2 aperture တွေထည့်သွင်းပေးထားပြီး film video 1080p နဲ့ရိုက်ကူးနိုင်မှာပါ။ အဓိကကွားခြားချက်အနေနဲ့ iPhone X မှာထည့်သွင်းထားတဲ့ Selfie Camera ရဲ့True Depth camera system ထောက်ပံ့တဲ့ FaceID စနစ်ရဲ့အသေးစိတ် သတင်းအချက်အလက်များကြောင့် Portrait Lighting အပါအ၀င် Portrait Mode ကို ထောက်ပံ့ပေးတာပါ။

iPhone 8 ထက်စာရင်ဈေးပိုကြီးပါတယ်

iPhone 8 ကိုစတင်ရောင်းချတဲ့ဈေးက $700 ဖြစ်ပြီး၊ပိုကြီးတဲ့ iPhone 8 Plus ကို $800 နဲ့စတင်ရောင်းချပါတယ်။ iPhone X ကိုတော့အခြားဖုန်းတွေနဲ့ ကွဲပြားစွာ $1,000 နဲ့ စတင်ပါတယ်။ ရိုးရှင်းတဲ့တွက်ချက်မှုနဲ့ ကြည့်လိုက်မယ်ဆိုရင် iPhone 8 ကိုဝယ်ယူတာဟာ သင့်အတွက်ဒေါ်လာ $200 သက်သာနိုင်ပါတယ်။

ref : businessinsider

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares50 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category