419 Shares 56 Views

iPhone X မှာသုံးထားတဲ့ 3D Facial Recognition လိုမျိုး Feature ကို S9 တွင်ထည့်သွင်းလာဖွယ်ရှိ

Oct 16, 2017
419 56

2017 ခုနှစ်ကုန်ဆုံးတော့မယ့်အချိန်မှာတော့ မိုဘိုင်းလောကမှာ iPhone X နဲ့ Google Pixel ဖုန်းတွေလည်း မိတ်ဆက်ပြီးပြီမို့ 2018 အတွက် စောင့်ကြည့်ရမယ့် ဖုန်းကတော့ ကိုရီးယားအခြေစိုက်ကုမ္မဏီရဲ့ Galaxy S9 ပဲဖြစ်ပါ တယ်။ Samsung အနေနဲ့ မိုဘိုင်းစမတ်ဖုန်းနယ်ပယ်မှာ အစဉ်တစိုက်တိုးတက်မှု တွေရှိနေခဲ့ပေမယ့် အနာဂတ်မှပိုမိုတိုးတက်ဖို့ အတွက်ကြိုးစားနေတာဖြစ်ပါတယ်။

Apple ရဲ့ ၂၀၁၇ Event ဟာ ကျွန်တော်တို့ကို သတိရစရာတွေ များစွာ ပေးစွမ်းခဲ့ပါတယ်။ အဲဒါကတော့ မိုဘိုင်းကမ္ဘာမှာ 3D Facial Recognition ကို Face ID အမည်ဖြင့် တရားဝင် မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ Apple အတွက် အထူးတလည် အလေးထားခံရတဲ့ နည်းပညာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Android စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း မကြာမီ ဒါမျိုးကို အမှီလိုက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့ကုမ္မဏီတွေထဲမှာ Samsung ကထိပ်ဆုံးကဦးဆောင်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ရက်အချို့က တရုတ်ကလာတဲ့ သတင်းရင်းမြစ်များအရ Samsung ဟာ iPhone X မှာ အသုံးပြုထားတဲ့ 3D Facial Recognition လိုမျိုး နည်းပညာကို Galaxy S9 မှာ မိတ်ဆက်မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ယခုလည်း အခြားသော ရင်းမြစ်တစ်ခုကနေ အလားတူ သတင်းနှင့် အခြားသော သတင်းအချက်အလက် အချို့ကို ထပ်မံရရှိခဲ့ ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်များက ယုံကြည့်နေတာကတော့ Samsung အနေဖြင့် Apple ရဲ့ iPhone X မှာ အသုံးပြုထားတဲ့ Face ID ကို Reverse Engineer နည်းပညာဖြင့် လေ့လာနေပြီလို့ ဆိုပါတယ်။ ကိုရီးယားရဲ့ နည်းပညာဂုရုကြီး အနေဖြင့် ဒါမျိုးလုပ်ဆောင်နိုင်ဖို့အတွက် တက်နိုင်သလို လာမည့်နှစ်မှာ ထွက်ရှိမယ့် Galaxy S9 မှာ ထည့်သွင်းတည်ဆောက်ဖို့ တက်နိုင်စွမ်းလည်း ရှိနေပါတယ်။

အခြား သတင်းအချက်အလက်ကတော့ Galaxy S9 မှာ Qualcomm ရဲ့ အသစ်ထပ်မံ ထုတ်လုပ်မယ့် Snapdragon 845 ကို အသုံးပြုဖွယ် ရှိနေပါတယ်။ 2018 နှစ်စပိုင်းမှာ ပြုလုပ်မယ့် MWC မှာမြင်တွေ့ရဖို့ရှိနေပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အနေအထားကတော့ အပေါ်နဲ့အောက် ဘောင်တွေဟာ အနည်းငယ် သာ ပါဝင်တော့မှာ ဖြစ်ပြီး အနည်းငယ်ရှည်လျားသွားမယ်လို့ ဆိုပါတယ်။
Ref: wccftech

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
112 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category