117 Shares 35 Views

နေရောင်ခြည် စွမ်းအင်သုံး မီးဖို

Oct 16, 2017
117 35

နေရောင်ခြည်စွမ်းအင်လို ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်များဟာ လောင်စာဆီများ မှီခိုနေရမှုကို လျှော့ချပေးနိုင်တဲ့အတွက် အနာဂတ် ကမ္ဘာကြီးအတွက် မရှိမဖြစ် လိုအပ်လာပါတယ်။ နေရောင်ခြည် စွမ်းအင်သုံး စမတ်နာရီ၊ Power Bank ၊ ကားများကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတော့ နေရောင်ခြည် စွမ်းအင်သုံး မီးဖိုကို တီထွင်လိုက်ကြပါတယ်။

သူ့ရဲ့ အမည်ကတော့ GoSun Go ဖြစ်ပြီး သူ့မှာ အခြား နေရောင်ခြည် စွမ်းအင်သုံး ကိရိယာများမှာလို Solar Panel များ တပ်ဆင်ထားပါတယ်။ သူ့ကို အစားအစာများ ချက်ပြုတ်ဖို့နဲ့ ရေနွေးတည်ဖို့ အဓိက ဖန်တီးထားပါတယ်။ နေရောင်ခြည် စွမ်းအင်သုံးဖြစ်တဲ့အတွက် အပြင်သွားရင်တောင် ယူဆောင် အသုံးပြုနိုင်ပါတယ်။ သူဟာ ၂ ပေါင်လောက်သာရှိတဲ့အတွက် ပေါ့ပါးသေးငယ်ပြီး သယ်ဆောင်ရလွယ်ကူပါတယ်။

GoSun ဟာ ယခင်ကလည်း ဒီလို ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ Customers ပေါင်း ၁၅ ၀၀၀ ကျော် ၀ယ်ယူအားပေးခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီက Customers များရဲ့ ဝေဖန်မှတ်ချက်ပြုမှုများကို အလေးထားပြီး ယခု မီးဖိုကို တီထွင်ခဲ့တယ်လို့ ပြောပါတယ်။

သူက မိနစ် ၂၀ ကနေ ၃၀ အတွင်းမှာ အစားအစာအများစုကို ချက်ပြုတ်ပေးနိုင်ပါတယ်။ အစားအစာများရဲ့ အပူချိန်ကို ထိန်းထားပေးနိုင်တဲ့ နည်းပညာလည်း ပါပါတယ်။ သူ့ကို ဆားငန်ရေများ စိုခြင်းကို ခံနိုင်အောင် ဖန်တီးထားတဲ့အတွက် ကမ်းခြေမှာ အပန်းဖြေရင်း ချက်ပြုတ်စားသောက်ဖို့ အသုံးဝင်ပါတယ်။ လက်ရှိမှာ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေကောက်ခံနေပါတယ်။

ref : digitaltrends

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares50 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category