352 Shares 126 Views

Apple က Note 8 ကို ယှဉ်ပြိုင်မယ့် Apple Pencil ပါတဲ့ iPhone ကို ဖန်တီးနေ

Oct 16, 2017
352 126

တောင်ကိုရီးယားမှ The Investor ရဲ့ သတင်းအရ Apple ဟာ Samsung Galaxy Note 8 ကို ယှဉ်ပြိုင်မယ့် Apple Pencil ပါတဲ့ iPhone ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းကို ၂၀၁၉ ခုနှစ်မှာ ထုပ်လုပ်ရောင်းချမှာ ဖြစ်ပြီး iPhone XII ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

Apple က ၂၀၁၅ ခုနှစ်မှာ Apple Pencil ကို မိတ်ဆက်ခဲ့ပြီး iPad Pro များနဲ့သာ တွဲဖက် အလုပ်လုပ်ပါတယ်။ iPhone အတွက် Apple Pencil ကတော့ မူလ Pencil နဲ့ နည်းပညာကွဲပြားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မူလ Pencil ကို iPhone များမှာ အသုံးပြုလို့ မရတာ ဖြစ်ပါတယ်။

Apple ကို တည်ထောင်သူ Steve Jobs ကတော့ ဒစ်ဂျစ်တယ် ဘောပင်များကို မနှစ်မြို့သူဖြစ်ပါတယ်။ သူက တစ်ခါက ဘုရားသခင်က လူသားများကို ကညစ်တံ ၁၀ ချောင်းပေးထားတဲ့အတွက် တီထွင်နေစရာ မလိုပါဘူးလို့ ပြောခဲ့ဖူးပါတယ်။

Samsung Galaxy Note 8 ရဲ့ ဒစ်ဂျစ်တယ် ဘောပင်ကို ဒစ်ဂျစ်တယ် ကညစ်တံများနဲ့ တက်ဘလက်များ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Wacom နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Apple ရဲ့ iPhone အတွက် ဒစ်ဂျစ်တယ် ဘောပင်ကို ထုတ်လုပ်မယ့် ကုမ္ပဏီကိုတော့ မသိရသေးပါဘူး။ Note 8 ဘောပင်ထက် ကုန်ကျစားရိတ် သက်သာတဲ့ ဘောပင်ကို Apple က တီထွင်မယ်လို့ သတင်းထွက်နေပါတယ်။

ref : digitaltrends, techradar

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares49 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category