0 Shares 319 Views

Wallpaper Wizardrii ကိုအသုံးပြုပြီး ကိုယ့်စိတ်ကြိုက် Wallpaper လေးတွေဖန်တီးရအောင်

Mar 07, 2016
0 319

သင့်အနေနဲ့ သင့်Android ဖုန်း Wallpaper ကိုစိတ်ကြိုက်ပြင်ဆင်တတ်သူ၊ Wallpaper မှာ ကိုယ့်ကောင်မလေးပုံကို တင်တတ်တဲ့သူ၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ Movie Hero တွေရဲ့ ပုံတွေကို Wallpaper အဖြစ်ဖန်တီးချင်တဲ့သူဆိုရင်တော့ Wallpaper Wizardrii ဆိုတဲ့ App ကို အသုံးပြုပြီး သင့်အနေနဲ့ သင့်စိတ်ကြိုက် ပုံတွေကို ဖန်တီးနိုင်ပါတယ်။ အဲ့ဒီအတွက်လည်း ဘာမှအခက်အခဲမရှိသလို အသုံးပြုတဲ့ App ကလည်း ဆိုက်ကတော်တော်လေးသေးတာမို့ သင့်အတွက် စိတ်ကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် Wallpaper လှလှလေးတွေ ဖန်တီးကြည့်ရအောင်။

အရင်ဆုံးသင့်အနေနဲ့ Google Playstore ကနေ Wallpaper Wizardrii ဆိုတဲ့ App ကိုဒေါင်းဖို့လိုပါတယ်။ Google မှာ ရှာလိုက်ရင် တွေ့ရမယ့် Logo လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Rating အဆင့်က 4.1 ရှိလို့ အတော်ကို သေသပ်တဲ့ App တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။

12833394_575796229252865_2035447479_n

ဒေါင်းလုဒ်လုပ်လို့ Install လုပ်ပြီးသွားရင် Open လုပ်လိုက်ပြီး အထဲကို ဝင်လိုက်ပါ။ အထဲမှာတော့ သင့် Gallary ထဲက ပုံတွေအကုန်လုံးကို ဖော်ပြပေးထားမှာဖြစ်ပြီး သင့်အနေနဲ့ စိတ်ကြိုက်တစ်ပုံရွေးနိုင်ပါတယ်။

how-wallpaper1

ရွေးပြီးသွားရင်တော့ အဆိုပါပုံကို သင်လိုချင်သလို ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ အပေါ်ညာဘက်ထောင့်ဆုံးက အပျောက်သုံးပျောက်ကတော့ သင့်ပုံက Home Screen မှာ ပေါ်ရင် Scroll လုပ်ပြီးပေါ်မပေါ်ရွေးချယ်နိုင်မှာပါ။ Fix Option ကတော့ သင့်ပုံက Black Screen အတိုင်းပေါ်စေချင်လား၊ ဒါမှမဟုတ် ပုံအတိုင်း Wall မှာ ပေါ်စေချင်လားဆိုတာကို သင်ရွေးချယ်နိုင်မှာပါ။ အဲ့ဒီမှာသင်လိုသလိုစိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

how-wallpaper2

အလယ်က Adjust လုပ်တဲ့ဟာလေးကတော့ ပုံကိုအရောင်တွေ၊ ဘက်ဂရောင်းအရောင်တွေ ချိန်ညှိလို့ရမှာဖြစ်ပါတယ်။ အပေါ်ဆုံးမှာ သင့်အနေနဲ့ Process Image ကိုတွေ့ရမှာဖြစ်ပြီး ဝင်လိုက်ရင် သင့်စိတ်ကြိုက်ပုံကို မွမ်းမံနိုင်မှာပါ။ ပုံကို အဖြူအမဲပြောင်းတာတွေ၊ Negative စတိုင်လ်ပြောင်းတာတွေ၊ ဘယ်ညာလှည့်တဲ့ ပုံစံပြောင်းတာတွေ၊ ပြောင်းပြန်လှန်တာတွေ စသည်ဖြင့် စိတ်ကြိုက်လုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ မပြောင်းတော့ပါဘူး။

how-wallpaper4

Process Image အောက်မှာ Background Color ကတော့ သင့်အနေနဲ့ ပုံကိုအသေးပုံစံနဲ့ ပြောင်းထားပြီး ဘက်ဂရောင်းထားမယ်ဆို ပြောင်းနိုင်တဲ့အရောင်ကို ရွေးချယ်နိုင်တာဖြစ်ပါတယ်။ ဒါကိုလည်းကျွန်တော်ကတော့ မပြောင်းတော့ပါဘူး။ သာမန်ပဲထားလိုက်ပါတယ်။

how-wallpaper3

အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးပြီဆိုရင်တော့ သင့်အနေနဲ့ Set ကိုနှိပ်လိုက်ရင် အထဲမှာ သုံးမျိုးရွေးချယ်ခွင့်ပေးမှာပါ။

how-wallpaper5

တခါထဲ Set လုပ်ချင်ရင်တော့ သင့်အနေနဲ့ အပေါ်ဆုံးက ခလုတ်ကိုရွေးချယ်နိုင်မှာပါ။ Preview ကိုရွေးချယ် လိုက်ရင်တော့ သင့်အနေနဲ့ Wallpaper မှာပြသမယ့်ပုံစံအပြင် အဆင်မပြေရင်ထပ်မံ ပြင်ဆင်နိုင်အောင် Setting တွေကို ထပ်မံထည့်သွင်းပေးထားတာပါ။

how-wallpaper6

 

အဲ့ဒီအထဲမှာလဲ Preview ကိုကြည့်လို့ အဆင်မပြေရင် ထပ်မံပြင်ဆင်နိုင်ပါသေးတယ်။ အားလုံးအိုကေသွားပြီဆိုရင်တော့ Done ကိုနှိပ်လိုက်ရင် ရပါပြီ။

Screenshot_2016-03-07-16-08-13

သင့်အနေနဲ့ ဒီApp ကိုအသုံးပြုပြီးသင့်ရဲ့ ပုံလေးတွေကို Wallpaper အဖြစ် အလွယ်တကူ၊ လှလှပပပြောင်းလဲ နိုင်ပါပြီ။

Ref: WikiHowTo

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

Leave a Comment

Most from this category