147 Shares 37 Views

နေရောင်ခြည် စွမ်းအင်သုံး စမတ်နာရီ

Oct 16, 2017
147 37

စမတ်နာရီများကို တီထွင် ရောင်းချလာခဲ့ကြတာ နှစ်အနည်းငယ်ရှိခဲ့ပါပြီ။ စမတ်နာရီများက လူများရဲ့ နေ့စဉ် လူနေမှုဘ၀ကို အဖက်ဖက်ကနေ ထောက်ကူလာနိုင်ကြပါတယ်။ ဖုန်း ထုတ်စရာ မလိုဘဲ ဖုန်းမှ Notifications များကို စမတ်နာရီကနေကြည့်ခြင်း၊ အီးမေးများ ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဖုန်းပြောခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာခြင်း၊ အိပ်စက်မှု အခြေအနေကို လေ့လာခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းအပြင် စမတ်နာရီများကို အားသွင်းရတဲ့ အလုပ်များ ပိုလာပါတယ်။

အခုတော့ အားသွင်းစရာ မလိုတဲ့ စမတ်နာရီ ပေါ်လာပါပြီ။ သူက နေရောင်ခြည် စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ တီထွင်တဲ့ ကုမ္ပဏီက သူတို့ စမတ်နာရီဟာ ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး စမတ်နာရီ ဖြစ်တယ်လို့ ပြောပါတယ်။ စမတ်နာရီရဲ့ အမည်ကတော့ LunaR ဖြစ်ပြီး သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

LunaR မှာ အခြား စမတ်နာရီများမှာလို စွမ်းဆောင်ချက်များ ပါပါတယ်။ သူက သင့်ရဲ့ အိပ်စက်မှု ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးပေးနိုင်ပါတယ်။ နှိုးစက်အနေနဲ့လည်း သူ့ကို အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုများကို သူက တိုင်းတာပေးနိုင်ပါတယ်။ သူ့ကို စမတ်ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းမှ Messages များ၊ Notifications များ၊ အီးမေးများကို သူကနေ ကြည့်ရှုနိုင်ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံးဖြစ်တဲ့အတွက် နေ့ဘက်မှာသာ သူ့ကို အားဖြည့်ပေးနိုင်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ညဘက်မှာလည်း မီးအလင်းရောင်များကနေ သူ့ကို အားဖြည့်ပေးနိုင်ပါတယ်။ အဲဒီအတွက် စမတ်နာရီရဲ့ ဘက်ထရီကုန်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဒီဇင်ဘာလမှာ သူ့ကို ရောင်းချမှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category