619 Shares 305 Views

တရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်ရောင်းချမှုကို ပိတ်ပင်ဖို့ Apple အား Qualcomm တရားစွဲ

Oct 15, 2017
619 305

Qualcomm ဟာ တရုတ်နိုင်ငံအတွင်းမှာ Apple ရဲ့ iPhone ထုတ်လုပ်ရောင်းချမှုကို ပိတ်ပင်နိုင်စေဖို့ တရားစွဲဆိုမှု တခုကိုပြုလုပ်လိုက်ပါတယ်။ ဒီတရားစွဲမှုနဲ့အတူ Qualcomm ဟာ Apple ကို အမေရိကန်မှာသာမက နိုင်ငံတကာမှာပါ အကြီးအကျယ် စိန်ခေါ်လာတာလည်း ဖြစ်ပါတယ်။ တရားရုံးက Qualcomm က Apple ကို တရားစွဲမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိခဲ့ပေမယ့်လည်း ယနေ့မှာတော့တရားဝင် သိရှိခဲ့ရပြီဖြစ်ပါတယ်။

Qualcomm ဟာ သူတို့ရဲ့ နည်းပညာများကို Apple က ခွင့်ပြုချက်(သို့) နစ်နာကြေးငွေပေးခြင်းမရှိဘဲ အသုံးပြုနေတယ်ဆိုပြီး တရားစွဲလာတာ ဖြစ်ပါတယ်။ Qualcomm က ယင်းသို့ နည်းပညာခိုးယူသုံးစွဲမှုအတွက် Apple ကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခွင့်၊ ရောင်းချခွင့် ပိတ်ပင်ပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။ Qualcomm အနေနဲ့ Apple ဟာ သူတို့ရဲ့ ပါဝါစီမံခန့်ခွဲမှုနည်းပညာနှင့် Force Touch နည်းပညာတို့ကို ခိုးယူသုံးစွဲတယ်ဆိုပြီး တရားစွဲထားတာလည်း ဖြစ်ပါတယ်။

တကယ်လို့များ Qualcomm ရဲ့ ကြိုးပမ်းမှုသာ အောင်မြင်လာမယ်ဆိုရင်တော့ Apple အတွက် အင်မတန်နစ်နာစရာဖြစ်သွားပါလိမ့်မယ်။ Apple ဟာ iPhone ကို တရုတ်မှာ ထုတ်လုပ်နေတာဖြစ်ပြီး တရုတ်ဈေးကွက်က သူတို့ရဲ့ ဒုတိယအကြီးကျယ်ဆုံး ဈေးကွက်လည်း ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ မိုဘိုင်းဖုန်းတပ်ဆင်ရေး ဝန်ထမ်းအများစုလည်း အလုပ်လက်မဲ့ပြဿနာဖြစ်သွားနိုင်ပါတယ်။

Apple ဘက်ကနေ Qualcomm ကို iPhone များအတွက် ရာခိုင်နှုန်းအချို့ပေးရန် တောင်းခံမှုအပေါ် တရားစွဲဆိုရာကနေယခုပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း Qualcomm ဟာ အမေရိကန်မှာလည်း iPhone ရောင်းချခွင့် ပိတ်ပင်ရန် တရားရုံးမှာ တရားစွဲဆိုထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

Ref: TheVerge

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
112 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category