747 Shares 188 Views

ရုရှားရဲ့ နူးကလီးယားဗုံးဒဏ်ခံနိုင်တဲ့ ကျည်ကာ ၀တ်စုံ

Oct 15, 2017
747 188

ရုရှားရဲ့ နည်းပညာမြင့် တိုက်ခိုက်ရေးသုံး ၀တ်စုံမှာ နူးကလီးယားဗုံးဒဏ်ကို ခံနိုင်တဲ့ နည်းပညာပါလာပါတယ်။ အဲဒီဝတ်စုံကို Rostec က ဖန်တီးထားပြီး Ratnik-3 လို့ အမည်ပေးထားပါတယ်။ ၀တ်စုံနဲ့အတူပါတဲ့ နာရီကလည်း နူးကလီးယားဗုံး ပေါက်ကွဲမှုဖြစ်ရင် ရေဒီယိုသတ္တိကြွမှုများ၊ လျှပ်စစ်သံလိုက်လှိုင်းများကို ခံနိုင်ရည်ရှိပါတယ်။

ဝတ်စုံမှာ စွမ်းရည်မြင့် အရိုးငြမ်းပါပြီး စစ်သားများရဲ့ စွမ်းအားနဲ့ ခံနိုင်ရည်ကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ကျည်ဆန်များကို ခံနိုင်ရည်ရှိတဲ့အပိုင်းမှာလည်း နောက်ဆုံး နည်းပညာကို အသုံးပြုထားပါတယ်။ သူ့မှာ Heads-Up Display (HUD) လည်း တပ်ဆင်ထားပါတယ်။ ရုရှားနိုင်ငံပိုင် မီဒီယာ Tass ရဲ့ အဆိုအရ ၀တ်စုံဟာ ယခင်မျိုးဆက်ထက် ၃၀ ရာခိုင်နှုန်း အလေးချိန်လျော့နည်းသွားတယ်လို့ သိရပါတယ်။ Ratnik-3 ကို ၂၀၂၂ ခုနှစ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ရပါတယ်။

အမေရိကန်ကလည်း နည်းပညာမြင့် တိုက်ခိုက်ရေး ၀တ်စုံကို ဖန်တီးနေပါတယ်။ သူ့ရဲ့ ၀တ်စုံဟာ Iron Man ရဲ့ ၀တ်စုံနဲ့ ဆင်တူပါတယ်။ သူ့မှာ လေဆာ အပါအ၀င် လက်နက်များကို အဆင့်မြှင့်ထားပါတယ်။ အမေရိကန် ရေတပ်က အသုံးပြုနေတဲ့ လေဆာလက်နက် စနစ်ဟာ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို ကာကွယ်ခြင်း၊ ဒုံးကျည်များကို ဖျက်ချခြင်းများကို ပြုလုပ်နိုင်ပါတယ်။ တရုတ်ကလည်း ဒီလို လေဆာရောင်ခြည် လက်နက်မျိုးကို ဖန်တီးထားပါတယ်။

လက်နက်များ တပ်ဆင်ထားတဲ့ ဒရုန်များကို လက်နက်ထုတ်လုပ်သူများက တီထွင်နေကြပါတယ်။ အာကာသမှာ တိုက်ခိုက်နိုင်အောင်လည်း စစ်သားများကို လေ့ကျင့်ပေးထားကြပါတယ်။

ref : futurism

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
990 shares72 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
200 shares29 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
521 shares157 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category