251 Shares 48 Views

လာမယ့်နှစ်ထုတ် iPhone အားလုံးမှာ Face ID ပါမည်

Oct 15, 2017
251 48

KGI Securities ရဲ့ Apple အရေးကျွမ်းကျင်သူ Ming-Chi Kuo က ၂၀၁၈ ခုနှစ်ထုတ် iPhone အားလုံးမှာ မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ Face ID ထည့်ပေးထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ အဲဒီအတွက် Apple ဟာ လာမယ့်နှစ်ထုတ် ဖုန်းအားလုံးမှာ Touch ID ကို ဖယ်ရှားထားမှာ ဖြစ်ပြီး iPhone X လို Full Screen Design ပါလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် iPhone X နဲ့ iPhone 8 တို့လို ဒီဇိုင်းများ ကွဲပြားခြင်းလည်း မရှိတော့ပါဘူး။

Apple က Touch ID ကို လုံးဝ ဖယ်ရှားထားမှာ ဖြစ်ပါတယ်။ ယခင်ကတော့ Apple ဟာ ယခုနှစ်ထုတ် iPhone များမှာ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့နည်းပညာထည့်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ Kuo က ဒီနည်းပညာကို Apple က ဆက်လက်တီထွင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။

Face ID နည်းပညာအပိုင်းမှာ Apple ဟာ ပြိုင်ဖက်များထက် အသာရနေပါတယ်။ လာမယ့်နှစ်မှာ ပြိုင်ဖက်များက Apple ရဲ့ Face ID နည်းပညာကို တုပလုပ်ဆောင်ကြမယ်လို့လည်း Kuo က ခန့်မှန်းထားပါတယ်။ လာမယ့်နှစ်ထုတ် iPad Pro Models များဟာလည်း Face ID ကို ရရှိလာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခြားတစ်ဖက်မှာတော့ Samsung က လာမယ့်နှစ်ထုတ် Galaxy Note 9 မှာ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားမယ်လို့ သတင်းများထွက်နေပါတယ်။

ref : techradar

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category