153 Shares 65 Views

အသစ်ထွက်ပေါ်လာမည့် Alcatel စမတ်ဖုန်း ၆ မျိုး၏ရုပ်ပုံများ ပေါက်ကြား

Oct 15, 2017
153 65

လွန်ခဲ့တဲ့လအနည်းငယ်က Alcatel အနေနဲ့ 2017 ခုနှစ်အတွင်းစမတ်ဖုန်းအမျိုးအစားပေါင်း ၁၂ မျိုးထိထုတ်လုပ် သွားနိုင်စေဖို့အတွက် အလုပ်များနေခဲ့ပါတယ်။ မိုဘိုင်းကွန်ရက်ကုမ္မဏီတွေနဲ့ သုံးစွဲသူတွေရဲ့လိုအပ်ချက်ပေါ်မူ တည်ပြီး သင့်တော်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်သွားမယ်ဆိုရင် ဒီသတ်မှတ်ထားတဲ့အရေအတွက်က ဖြစ်နိုင်ခြေရှိပါတယ်။ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းဈေးကွက်မှာ ပိုမိုခြေလှမ်းစိတ်လာပြီး တစ်ကြိမ်မိတ်ဆက်တိုင်း မှာလည်း စမတ်ဖုန်း ၄လုံးလောက်မိတ်ဆက်လေ့ရှိပါတယ်။ ဒါကြောင့် Alcatel ရဲ့အသစ်ထွက်လာမယ့် စမတ် ဖုန်းသတင်းတွေဟာ သိပ်အံ့သြစရာတော့မကောင်းလှပါဘူး။ အခုလည်းစမတ်ဖုန်း ပေါက်ကြားမှုသတင်းတွေကို အမြဲဖော်ထုတ်ပေးနေတဲ့ Evan Blass ဟာ Tweet တခုတင်ခဲ့ပါတယ်။ အသစ်ထွက်ပေါ်လာမယ့် စမတ်ဖုန်း ၆ မျိုး ရဲ့မော်ဒယ်နံပါတ်တွေနဲ့အတူ ပုံသဏ္ဍာန်တွေကိုပါတင်ပေးခဲ့တာပါ။ ဒါပေမယ့်အသစ်ထွက်ပေါ်လာမယ့် စမတ်ဖုန်း ၆ မျိုးရဲ့ဈေးနှုန်းနဲ့ဘယ်လို့မိုဘိုင်းကွန်ရက်တွေနဲ့ ချိတ်ဆက်ဝယ်ယူရနိုင်မယ်ဆိုတဲ့အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။ သို့သော်ထိပ်တန်းစမတ် ဖုန်းတွေဖြစ်မှာကတော့ မလွဲပါဘဲ။

Alcatel 5, 3V,3X, 3,3C,1X ဆိုပြီးထွက်လာမှာဖြစ်ပြီး သုံးစွဲသူအမျိုးအစားအလိုက် လုပ်ဆောင်ချက်တွေကွဲပြားနိုင်ပါတယ်။ ပြောရမယ်ဆိုရင် Alcatel အနေနဲ့ပထမဆုံးအဖြစ် ရှင်းလင်းတဲ့နာမည် ပေးမှုနဲ့အတူထွက်လာမယ့် ဖုန်းတွေဖြစ်ပါတယ်။ ပိုမိုတိကျတဲ့အချက်အလက်တွေထုတ်ပေါ် လာဖို့အချိန်အနည်းငယ်စောင့်ရအုံးမှာပါ။ လတ်တလောအခြေအနေမှာတော့ ထွက်ပေါ်လာတဲ့ပုံရိပ်မှာ ထားရှိတဲ့စမတ်ဖုန်းတွေရဲ့အစဉ်အတိုင်းဆိုရင် 1X ဟာမတူညီတဲပုံစံနဲ့ဖြစ်နိုင်ပြီး၊ပလပ်စတစ်ကိုယ်ထည်ဒီဇိုင်းနဲ့ဖြစ်ပါတယ်။

3C ကတော့ ဈေးနှုန်းနည်းတဲ့ပုံစံနဲ့ဖြစ် နိုင်ပြီး အခြား 3 model ဖုန်းတွေက ဒီဇိုင်းပုံစံတူညီနိုင်ပါတယ်။ 3X နဲ့ 3V ကတော့ဈေးနှုန်းကြီးမြင့်နိုင်ပြီး သူတို့တွေမှာ လတ်တလောစမတ်ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ Dual-Camera ပါဝင်နိုင်ပါတယ်။ ဘေးဘောင်တွေကျဉ်းသွားဖို့ဆိုတာ မဖြစ်နိုင်ပဲ ပုံမှန်မော်ဒယ်မြင့်စမတ်ဖုန်း ဒီဇိုင်းအတိုင်းသာ ရှိနိုင်ပါတယ်။ စတီရီယိုစပီကာကိုဘယ်နေရာတပ်ဆင်ထားမယ်ဆိုတာလည်း မသေချာသေးပါဘူး။ 5 ရဲ့ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်လည်းအားရစရာသိပ်မရှိသေးပါဘူး။ ပုံမှန်ဖုန်းတွေအတိုင်း Single ကင်မရာနဲ့ဖြစ်ပြီး Ultra-Wide Aspect Display ပါလာမယ်ဆိုရင်တော့ လတ်တလောထုတ်နေတဲ့ဖုန်းတွေရဲ့ လမ်းစဉ်အတိုင်းဖြစ်လာပါလိမ့်မယ်။ အသစ်ထွက်လာမယ့် စမတ်ဖုန်းတွေဟာပုံမှန်အတိုင်းပဲဖြစ်နေမယ်ဆိုရင်တော့ Alcatel ရဲ့စမတ်ဖုန်းဈေးကွက်အတွက် ချမှတ်ထားတဲ့ အနာဂတ်အစီအစဉ်တွေဟာ မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်။

Ref: Gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category