224 Shares 76 Views

တန်ဖိုးနည်းဖုန်းများမှာ Portrait Mode ပါလာတော့မည်

Oct 15, 2017
224 76

ဓါတ်ပုံ နောက်ခံကို မှုန်ဝါးထားတဲ့ Portrait Mode စွမ်းဆောင်ချက်ကို Apple, Samsung နဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ တန်ဖိုးကြီး စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် လူအများစုဟာ တန်ဖိုးကြီး စမတ်ဖုန်းများထက် တန်ဖိုးနည်း စမတ်ဖုန်းများကိုသာ ကိုင်နိုင်ပါတယ်။ အခုတော့ အဲဒီလူများအတွက် သတင်းကောင်းတစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ မကြာခင်မှာ Portrait Mode ကို တန်ဖိုးနည်း စမတ်ဖုန်းများမှာပါ အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖုန်းအစိတ်အပိုင်းများကို အခြား ဖုန်း ကုမ္ပဏီများသို့ ရောင်းချပေးနေတဲ့ Samsung က Dual Pixel Design ပါတဲ့ 12 Megapixel Image Sensor Chip ကို ကြေညာလိုက်ပါတယ်။ အဲဒီ Dual Pixel Design ဟာ ကင်မရာတစ်လုံးထဲဖြင့် Portrait Mode ကို ဖန်တီးပေးနိုင်ပါတယ်။ iPhone , Note 8 နဲ့ အခြား စမတ်ဖုန်းများမှာတော့ ကင်မရာနှစ်လုံးဖြင့် Portrait Mode ကို ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Samsung ရဲ့ Chip အသစ်ကို Fast 2L9 လို့ အမည်ပေးထားပါတယ်။

ဒီလိုနည်းပညာမျိုးကို Google Pixel 2 စမတ်ဖုန်းမှာ ပထမဆုံးထည့်သွင်းပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Dual Pixel Sensor ကို အသုံးပြုထားပြီး ကင်မရာ တစ်လုံးကို နှစ်ခြမ်းခွဲ၍ Portrait Mode or Bokeh Effect များကို ဖန်တီးပေးထားပါတယ်။

Samsung က သူ့ရဲ့ Chip အသစ်ဟာ တန်ဖိုးနည်း စမတ်ဖုန်းများမှာ Portrait Mode ကို ထည့်သွင်းပေးဖို့ ရည်ရွယ်ထား ပါတယ်။ လာမယ့်နှစ်မှာတော့ Portrait Mode ပါတဲ့ တန်ဖိုးနည်း စမတ်ဖုန်းများကို ၀ယ်ယူနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

ref : mashable

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category