216 Shares 135 Views

Android စမတ်ဖုန်းကို လုံခြုံစိတ်ချစွာသုံးနိုင်မယ့် အချက် ၄ ခု

Oct 14, 2017
216 135

စမတ်ဖုန်းကိုင်ဆောင်ရတာ ကြာလာတဲ့နဲ့အမျှသင့်ဖုန်းကို ပိုမိုလုံခြုံပြီးအသုံးဝင်တဲ့ နည်းလမ်းတွေနဲ့ သုံးစွဲချင်မှာပါ။ ဒါပေမယ့် ဘယ်လိုနည်းလမ်းတွေက Android ဖုန်းတလုံးကို ပြည့်စုံတဲ့စွမ်းဆောင်ချက်တွေပေးနိုင်မယ်မှန်းမသိရင်တော့ အောက်မှာပေးထားတဲ့ အချက်လေးတွေကို စမ်းသပ်သုံးစွဲကြည့်လိုက်ပါ။

Android Apps များကို Lock လုပ်ခြင်း

စမတ်ဖုန်းများမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများကို မှတ်သားကြသလို Google , Facebook အကောင့်များမှာ အမြဲတမ်း Signin ၀င်ရောက်ထားကြပါတယ်။ အချို့ကလည်း Dropbox, LinkedIn နဲ့ အခြား ၀န်ဆောင်မှုများကို အသုံးပြုကြပါတယ်။ ဒီလို အသုံးပြုခြင်းဟာ အဆင်ပြေပေမယ့် သင့် စမတ်ဖုန်းရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ မည်သူမဆို သင့်ရဲ့ ဒေတာများကို တွေ့မြင်နိုင်မှာပါ။

ဒါပေမယ့်လည်း သင့်ရဲ့ ဒေတာများကို ကာကွယ်ထားနိုင်ပြီး သင့်ရဲ့ စမတ်ဖုန်း အသုံးပြုမှုကို ကန့်သတ်ထားနိုင်တဲ့ အဆင်ပြေတဲ့ နည်းလမ်းရှိပါတယ်။ အခမဲ့ AppLock App ဟာ SMS, Contacts, Gmail, Facebook, Gallery, Google Play နဲ့ အခြား Apps တို့ကို Password နဲ့ ကာကွယ်ထားနိုင်ပါတယ်။ AppLock ကို Enable လုပ်ထားရင် သင့်ရဲ့ စမတ်ဖုန်းကို သူငယ်ချင်းများ၊ မိသားစုဝင်များထံ စိတ်ချလက်ချပေးထားနိုင်ပါပြီ။ သူတို့က သင့်ရဲ့ ဒေတာတွေကို မတွေ့မြင်နိုင်ပါဘူး။ ဆမ်ဆောင်းဖုန်းတွေမှာဆိုရင်တော့ source folder ဆိုတဲ့လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

Android မှာ Transitions များပိတ်ခြင်း

Android ဟာ Open-Source ဖြစ်လို့ ကောင်းမွန်ပေမယ့် iOS နဲ့ နှိုင်းယှဉ်ရင် နှေးကွေးစေတဲ့ Animations များပါရှိပါတယ်။ ကံကောင်းတာကတော့ အဲဒီပြဿနာကို ဖြေရှင်းနိုင်တာပါ။ Device Settings ထဲသွားပြီး About Device ထဲဝင်ပါ။ Build Number ကို ခုနစ်ချက်နှိပ်ပါ။ Developer ဖြစ်ပြီဖြစ်ကြောင်း အသိပေးစာပေါ်လာမှာပါ။ အဲဒီနောက်မှာ System Settings အောက်မှာ Developer Options ပေါ်လာမှာပါ။ အဲဒီထဲဝင်ပြီး Drawing အောက်မှ Windows Animation, Transition Animation, Animation Duration Scales များကို မူလ 1x မှ 0.5x သို့ ပြောင်းပေးပါ။ ပြီးရင်တော့ Applications များနဲ့ Windows များပြောင်းလဲအသုံးပြုတဲ့အခါမှာ လျှင်မြန်လာတာကိုတွေ့ရမှာပါ။

Facebook Messenger မှ “Seen By” Notification ပိတ်ခြင်း

Read Receipts ဟာ အစောပိုင်းမှာတော့ အသုံးဝင်တဲ့အရာတွေထဲမှ တစ်ခုပါ။ ဒါပေမယ့်နောက်ပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ဖြစ်ပေါ်စေပါတယ်။ ဒီတစ်ခါမှာတော့ Browser Extension တွေရဲ့ အကူအညီနဲ့ ဒီစွမ်းဆောင်ချက်ကို ပိတ်ပါမယ်။ Google Chrome မှာ Facebook Unseen extension ကို ဒေါင်းလုပ်ရယူပါ။ ဒါဆိုရင် တစ်ဖက်လူရဲ့ စာကို သင်ဖတ်ရှုလိုက်ချိန်မှာ “Seen By” Notification ကို တစ်ဖက်လူက မရရှိတော့ပါဘူး။ Firefox User တွေအတွက်တော့ Unseen extension ကို အသုံးပြုနိုင်ပါတယ်။

Android Homescreen ကို Customize လုပ်ခြင်း

Zooper Widget Pro ဟာ သင့်ရဲ့ Android Homescreen ကို Customize လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ App ဖြစ်ပါတယ်။ အခမဲ့ဗားရှင်းကို Google Play Store မှာ ရနိုင်ပေမယ့် Custom Template များကို အသုံးပြုချင်ရင် ပရိုဗားရှင်းကို လိုအပ်ပါတယ်။ mycolorscreen.com လို ၀က်ဆိုက်များဟာ ကိုယ်တိုင် Customize မလုပ်ချင်သူများအတွက် လှပပြီးအဆင်သင့် ဒီဇိုင်းထုတ်ထားတဲ့ Template များကို ပံ့ပိုးပေးထားပါတယ်။ Zooper Widget ဟာ Nova Launcher လို Android Launcher များနဲ့ တွဲဖက်ရင် အကောင်းဆုံးဖြစ်ပြီး တန်းပလိတ်တစ်ခုချင်းစီမှာ Homescreen Grid Size, Margins များလို Options များအတွက် အသုံးပြုရမယ့် Settings များရဲ့ အသေးစိတ် အချက်အလက်များကို ဖော်ပြထားပါတယ်။

Mycolorscreen.com မှ နှစ်သက်ရာ တန်းပလိတ်ကို ဒေါင်းလုပ်လုပ်ပါ။ .zip file ဆိုရင် Extract လုပ်ပါ။ Nova Launcher Settings ကို ညွှန်ကြားချက်အတိုင်း ပြင်ဆင်ပါ။ Homescreen မှာ Long Press ဖိထားပြီး Widgets ကိုရွေးချယ်ပါ။ Zooper Widget Options ထဲသွားပြီး အောက်ကိုဆင်းပါ။ သင်လိုအပ်တဲ့ အရွယ်အစားကို ရွေးပါ။ အဲဒါကို Homescreen ပေါ်သို့ ဖိဆွဲပြီး လွှတ်ပါ။ လိုအပ်ရင် Resize လုပ်ပါ။ Zooper Widget Menu ကိုဖွင့်ဖို့ Widget ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ တန်းပလိတ်ကို ဖွင့်ဖို့ SD Card ကိုရွေးပါ။

တန်းပလိတ်ဟာ သင့် Homescreen ပေါ်ရောက်တာနဲ့ Zooper Widget ရဲ့ Configuration Menu ကို ဖွင့်ဖို့ တစ်နေရာရာကို နှိပ်ပါ။ Layout Menu မှာ တန်းပလိတ်ရဲ့ Elements များကို ကြည့်ပြီး အဲဒီမှာ Apps or Actions များကို သတ်မှတ်ပါ။ Element အသစ်များကို ထည့်နိုင်သလို မလိုချင်တာတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့်လည်း အရာတိုင်းဟာ များသောအားဖြင့် အဆင်ပြေပြီး Widget OnTap Action ထဲသွားပြီး မတော်တဆနှိပ်မိမှုများကို တားဆီးဖို့ Disabled (Locked) ကို ရွေးချယ်ဖို့ အကြံပေးပါတယ်။ တန်းပလိတ်များစွာထဲမှာ မရွေးချယ်တတ်ရင် mycolorscreen.com မှ Screens of the Day tab ကိုသွားဖို့ အကြံပေးပါတယ်။

Ref : extremetech

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category