321 Shares 65 Views

ကိုယ်ပိုင်အွန်လိုင်းတက္ကသိုလ် တစ်ခုစတင်လိုက်တဲ့ Apple ပူးတွဲတည်ထောင်သူ Steve Wozniak

Oct 14, 2017
321 65

Apple ပူးတွဲတည်ထောင်သူ Steve Wozniak ဟာသူ့ရဲ့ကိုယ်ပိုင် အွန်လိုင်းတက္ကသိုလ်ပလက်ဖောင်းဖြစ်တဲ့ Woz U ကိုစတင်ဖြန့်ဖြူးလိုက်ပါတယ်။ Wozniak အနာဂတ်အစီအစဉ်ဟာ နေရာ 30 လောက်မှာရှိတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ၊ App တွေ ဖွံ့ဖြိုးများပြားလာရေးနဲ့ ဆိုက်ဘာလုံခြုံရေးအတွက် သင်ခန်းစာတွေရေးဆွဲထားတာလို့ ဆိုပါတယ်။

Wozniak ရဲ့ကြေညာချက်မှာတော့ “ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ လူတစ်ဦးအနေနဲ့ သူတို့ရဲ့ပုံမှန်လုပ်ငန်းခွင်တခုမှာလုပ်ကိုင်နေရင်း တစ်ဖက်ကလည်း ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူများဖြစ်လာစေနိုင်ဖို့အတွက် ပညာပေးရင်းလေ့ကျင့်မှုတွေ ပြုလုပ်ပေးသွားမှာပါ။ လူတွေဟာ နည်းပညာအခြေခံအသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ကို ရွေးချယ်ဖို့အတွက် ကြောက်နေကြပါတယ်။ ဘာကြောင့်လဲဆိုရင် ငါမလုပ်နိုင်လောက်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်ပါ။ Woz U မှာဝင်ရောက်သင်ကြားလိုက်တာနဲ့ သူတို့ဘယ်လောက်နိုင်တယ်ဆိုတာကို ပြသနိုင်သွားမှာပါ။ “ လို့ သိရပါတယ်။

Woz U ဝက်ဘ်ဆိုက်မှာဖော်ပြချက်အရ “”ကျွန်တော်တို့အနေနဲနည်းပညာနှင့်အသက်မွေးဝမ်းကျောင်းအခြေ့ပု အစီအစဉ်များအတွက် မြန်မြန်ဆန်ဆန်နဲ့ဈေးသက်သာသော လုပ်သားအင်အားကို ရရှိနိုင်စေဖို့အတွက် ရည်ရွယ်တည်ထောင်ထားတာပါ။ Woz U ရဲ့ဆန္ဒကတော့အနာဂတ်မှာလုပ်သားအင်အားဖွံ့ဖြိုးတို့တက်ဖို့နဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်တွေပေါ်ထွက်လာစေဖို့ပါ။ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အမျိုးမျိုးသော သင်ခန်းစာတွေအတွက် ကုန်ကျစရိတ်ကိုတော့ ရှင်းလင်းစွာဖြော်ပထားခြင်းမရှိပါဘူး။

ကျနော်တို့ဝန်းကျင်မှာရှိတဲ့ကျောင်းသားများ၊ပညာတတ်များ၊ဖန်တီးမှုကျွမ်းကျင်ပညာရှင်များနှင့်စားသုံးသူများအတွက် ကျွန်တော်တို့ရဲ့တီထွင်ဆန်းသစ်သင်ရိုးညွှန်းတမ်းတွေနဲ့လေ့ကျင့်သင်ကြားပေးမှာပါ။ ကိုယ်တိုင်လေ့ကျင့်ရာကနေတဆင့် ကမ္ဘာကြီးကို အကောင်းဆုံးနည်းပညာတွေသယ်ဆောင်လာနိုင်ဖို့ မျော်လင့်နေရမှာပါ။ Woz U မှာနည်းပညာရပ်ဆိုင်တွေသာမကဘဲ အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေဖြစ်တဲ့ အနုပညာ၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ဝိဇ္ဇာနှင့်သင်္ချာဘာသာရပ်များကိုတိုးမြှင့် သင်ကြားပေးသွားဖို့ရှိနေပါတယ်။ လေ့လာလိုသူတွေအနေနဲ့ https://woz-u.com/ မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ ကုမ္ပဏီများအဘို့ Woz U ရဲ့ကူညီပေးမှုနဲ့ ဝန်ထမ်းတွေကိုပညာရပ်ဆိုင်ရာလေ့ကျင့် သင်ကြားမှုတွေနဲ့အတူ ဆက်လက်ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

Ref: TechCrunch

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares50 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category