330 Shares 110 Views

အင်္ကျီ အိတ်ကပ်ထဲမှာ မီးလောင်မှု ဖြစ်ခဲ့တဲ့ Samsung Phone

Oct 14, 2017
330 110

ပြီးခဲ့တဲ့နှစ်မှာ Samsung Galaxy Note 7 ရဲ့ ဘက်ထရီ ပြဿနာများကြောင့် ကုမ္ပဏီဟာ ကမ္ဘာအ၀န်းမှ Note 7 ဖုန်းများကို ပြန်လည် သိမ်းယူခဲ့ပါတယ်။ Note 7 သာမကဘဲ Galaxy S7 Edge နဲ့ J7 အချို့ဟာလည်း မီးလောင်မှုများ ရှိခဲ့ပါတယ်။ အခုတော့ နောက်ထပ် Samsung Phone တစ်လုံး မီးလောင်ပေါက်ကွဲတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်များမှာ ရေပန်းစားနေပါတယ်။

ဒီတစ်ခါ ပေါက်ကွဲခဲ့တဲ့ ဖုန်းကတော့ Samsung Grand Duos ဖြစ်ပါတယ်။ Daily Mail ရဲ့ အဆိုအရ အင်ဒိုနီးရှားနိုင်ငံမှ အသက် ၄၇ နှစ်အရွယ် Yulianto ဟာ သူအလုပ်လုပ်တဲ့ ဟိုတယ်ရဲ့ ခန်းမထဲမှာ ရှိနေစဉ်မှာ သူ့ အင်္ကျီ အိတ်ကပ်ထဲမှာ ပူလောင်မှုကို ခံစားခဲ့ရပါတယ်။ သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်ချိန်မှာပဲ ဖုန်းဟာ မီးလာင်ပေါက်ကွဲခဲ့ပါတယ်။ မီးလျှံ ၊ မီးစများ ခန်းမထဲ ပြန့်ကျဲသွားပါတယ်။ ဒီဖြစ်ရပ်ကို CCTV Camera ကနေ ဖမ်းယူနိုင်ခဲ့ပါတယ်။

ဖုန်းပေါက်ကွဲတဲ့အချိန်မှာ သူဟာ မြေပြင်ပေါ်လှဲချပြီး အင်္ကျီကို ချွတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လုံခြုံရေး ၀န်ထမ်းက သူ့ကို ကယ်ဆယ်ခဲ့ပါတယ်။ သူဟာ အနည်းငယ်သာ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။ ရဲဌာနက ဒီဖြစ်ရပ်ကို စုံစမ်းနေပြီး Yulianto ဟာ ဖုန်းမှာ GPS, WiFi, Bluetooth အားလုံးကို ဖွင့်ထားတယ်လို့ သိရပါတယ်။

မီဒီယာများက ဒီဖြစ်ရပ်အတွက် Samsung ကို မေးမြန်းစုံစမ်းထားပြီး ကုမ္ပဏီက လိုအပ်တဲ့ အကူအညီများပေးမယ်လို့ ပြောပါတယ်။ Samsung က အဲဒီဖုန်းမှ ဘက်ထရီကို Samsung က ထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ref : techviral

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category