330 Shares 150 Views

အမေရိကန် စက်ရုပ်နဲ့ ဂျပန် စက်ရုပ် တို့ရဲ့ စိန်ခေါ်ပွဲ

Oct 14, 2017
330 150

အရွယ်ကြီး စက်ရုပ် နှစ်ရုပ်တို့ စိန်ခေါ် တိုက်ခိုက်ပွဲတစ်ခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၁၇ ရက်နေ့မှာ အမေရိကန် စက်ရုပ် Eagle Prime နဲ့ ဂျပန် စက်ရုပ် Kuratas တို့ရဲ့ တိုက်ခိုက်ပွဲကို အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ စက်ရုပ်များကို လူများက ထိန်းချုပ်မောင်းနှင်ကြမှာ ဖြစ်ပါတယ်။

ဒီပွဲကို စီစဉ်နေတာ နှစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမေရိကန်မှ Megabots Inc က ဂျပန်မှ Suidobashi Heavy Industries ရဲ့ Kuratas စက်ရုပ်ကို စိန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် Suidobashi က ဆေးရောင်စုံ ဘောလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မဟုတ်ဘဲ တကယ့် လက်နက်များဖြင့် တိုက်ခိုက်မှသာ စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Megabots ဟာ သူ့ရဲ့ စက်ရုပ်ကို တကယ် တိုက်ခိုက်နိုင်ဖို့နဲ့ ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် အဆင့်မြှင့်ဖို့ Kickstarter ၀က်ဆိုက်ကနေ ရန်ပုံငွေ ဒေါ်လာ ၅၀၀ ၀၀၀ ကောက်ခံခဲ့ပါတယ်။

စက်ရုပ်နှစ်ခုစလုံးဟာ အရွယ်အစား အလွန် ကြီးမားပေမယ့် Megabots ရဲ့ Eagle Prime ဟာ Kuratas ထက် အရွယ်ပိုမိုကြီးမားပါတယ်။ Eagle Prime ဟာ ၁၆ ပေ အမြင့်ရှိပြီး ၂၄ ၀၀၀ ပေါင် အလေးချိန်ရှိပါတယ်။ Kuratas ကတော့ ၁၃ ပေ အမြင့်ရှိပြီး ၁၃ ၀၀၀ ပေါင် အလေးချိန်ရှိပါတယ်။ Megabots က စက်ရုပ်တိုက်ခိုက်ပွဲကို အနာဂတ် အားကစားပြိုင်ပွဲတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

ref : mashable

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category