134 Shares 53 Views

Razer ဖုန်းမှာပါဝင်မယ်လို့အတိအကျဆိုနိုင်တဲ့ အချက်အလက်များ GFXBench မှာထွက်ပေါ်

Oct 14, 2017
134 53

မနေ့ကတင် Razer ရဲ့ Twitter မှာတင်ထားတဲ့ Post ကိုကြည့်ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာသူတို့ရဲ့ စမတ်ဖုန်းကို ပွဲတစ်ခုလုပ်ပြီး မိတ်ဆက်သွားလိမ့်မယ်လို့ သတင်းတွေတက်နေခဲ့ပါတယ်။ Razar အနေနဲ့ ယခုနှစ်အတွင်းမှာသေးငယ်တဲ့ Startup စမတ်ဖုန်းကုမ္ပဏီ Nextbit ကိုဝယ်ယူလိုက်ပြီး စမတ်ဖုန်းလောကကို ဝင်ရောက်လာခဲ့တာပါ။ သူတို့ဟာဂိမ်းအသားပေး ကုမ္ပဏီဖြစ်နေတာကြောင့် ဂိမ်းပိုင်းကိုဦးစားပေးမယ့် စမတ်ဖုန်းတလုံးထွက်လာမယ့်ဆိုတာလောက်သာ ပြောဆိုမှုတွေထွက်နေတာပါ။ ဘယ်လိုအချက်အလက်တွေပါမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ဒီနေ့မှာတော့ ဂိမ်းလက်တော့၊ဂိမ်းနဲ့ပတ်သတ်တဲ့ အပိုပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Razer ရဲ့ဂိမ်းပိုင်းကိုဦးစားပေး တဲ့ စမတ်ဖုန်းမှာပါဝင်မယ့် အချက်အလက်တွေကို သိခဲ့ရပါပြီ။ စမတ်ဖုန်းနဲ့သတင်းတွေ အမြဲထုတ်ဖော်လေ့ရှိတဲ့ GFXBench မှာ 3D ဂရပ်ဖစ်စွမ်းဆောင်ရည်တွေထည့်သွင်းလာမယ့် Razer ရဲ့ဖုန်းတွင်းပါဝင်မယ့် အချက်အလက်တွေကို ဖော်ပြခဲ့တာပါ။

GFXBench ရဲ့ဖော်ထုတ်ပြသမှုမှာတော့ မြင့်မားတဲ့ 8GB RAM နဲ့အတူ ပရိုဆက်ဆာပိုင်းအတွက် Qualcomm Snapdragon 835 CPU ကိုသုံးလာမှာဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 5.7-inch Display နဲ့ဖြစ်ပြီး ပုံရိပ်ဖော်ပြနိုင်စွမ်းကတော့ 2560 x 1440 px နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးကတော့ပုံမှန်ဖုန်းတွေအတိုင်း 16:9 aspect ratio နဲ့ဖြစ်မှာပါ။ အချက်အလက်သိုလှောင်နိုင်စွမ်းကိုတော့ ဂိမ်းပိုင်းဦးစားပေးထားတဲ့ ဖုန်းဖြစ်တာနဲ့အညီ 64GB နဲ့ဖြစ်ပါလိမ့်မယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ 3D ဂိမ်းတွေကိုမြန်ဆန်သွက်လက်စွာ ကစားနိုင်စေမယ့် Qualcomm Adreno 540 ကိုတပ်ဆင်ပေးထားမှာပါ။ OS ပိုင်းမှာတော့ Razer ရဲ့UI နဲ့ Android 7.1.1 ကိုတပါတည်းသုံးနိုင်မယ်လို့ထင်ရပါတယ်။ လက်ရှိအချိန်မှာတော့ Nougat နဲ့ Oreo ထဲကဘယ် ဟာနဲ့ထွက်လာမယ်ဆိုတာ မသေချာသေးပါဘူး။

ကင်မရာပိုင်းမှာတော့ 12MP အဓိကကင်မရာနဲ့အတူ အရှေ့ဘက်ကင်မရာငယ်ကိုတော့ 8MP တပ်ဆင်ပေးထားပါလိမ့်မယ်။ ကင်မရာဟာ 4K ဗီဒီယိုရိုက်ကူးနိုင်လိမ့်မယ်လို့ အချက်အလက်တွေမှာပြသထားပါတယ်။ Hardware ပိုင်းမှာအတွေ့အကြုံရှိပြီးသား Razer ရဲ့ဖုန်းဟာဒီဇိုင်းပိုင်းမှာကောင်းမွန်နိုင်ပါတယ်။ ဒါကြောင့် လာမယ့်နိုဝင်ဘာ၁ရက်နေ့မှာ မိတ်ဆက်ပြသသွားမယ့် Razer ရဲ့ဖုန်းအသစ်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရပါလိမ့်မယ်။
Ref: phoneradar

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category