333 Shares 108 Views

Quad-Core ပရိုဆက်ဆာနဲ့ Galaxy J2 2017 Edition ကို Samsung မိတ်ဆက်

Oct 13, 2017
333 108

ကိုရီးယားအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ Samsung အနေနဲ့ အမြင့်စားစမတ်ဖုန်းတွေကို မိတ်ဆက်ပြီးတဲ့ နောက် Entry-level စမတ်ဖုန်းတလုံးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Galaxy မျိုးဆက်သစ်ဖုန်းတလုံးဖြစ်ပြီး J2 2017 Edition ကိုအလယ်အလတ်ဆင့် စမတ်ဖုန်းသုံးတဲ့သူတွေအတွက် ရည်ရွယ်လိုက်တာဖြစ်ပါတယ်။ J2 2017 Edition မှာ SoC အနေနဲ့ Quad-core ကိုသုံးထားပြီး 1.3GHz Processor မြန်နှုန်းရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာတော့ 4.7-inch HD Display ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး RAM ကတော့ 1GB လောက်သာထည့်သွင်းပေးထားပါတယ်။ အချက်အလက်သိမ်းဆည်းနိုင်စွမ်းကတော့ 8GB သာဝင်ဆန့်မှာပါ။

J2 2017 Edition ရဲ့ နောက်ထပ်လုပ်ဆောင်ချက်တွေအနေနဲ့ နောက်ကျောဘက်မှာ 5MP ကင်မရာကိုတပ်ဆင်ပေးထားပြီး၊အရှေ့ဘက်မှာလည်း 2MP အရည်အသွေးကင်မရာသာ ပါဝင်မှာဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ 2,000mAh Battery နဲ့ဖြစ်ပြီး Dual-SIM ထောက်ပံ့မှုနဲ့အတူ 4G ကွန်ရက်မှာပါသုံးနိုင်ပါလိမ့်မယ်။ မိုဘိုင်းဒေတာကို ထိန်းချုပ်လိုသူတွေအတွက် Ultra Data Saving Mode ကိုပါထည့်သွင်းပေးထားပါတယ်။ အရောင်ပိုင်းမှာတော့ ရွေရောင်၊အနက်ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး အိန္ဒိယမိုဘိုင်းဈေးကွက်မှာ စတင်ရောင်းချပါလိမ့်မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 113 ဝန်းကျင် (INR 7,390 )ရှိမှာဖြစ်ပါတယ်။

Samsung အနေနဲ့ နိုင်ငံတကာဈေးကွက်ကို တန်ဖိုးသင့်၊တန်ဖိုးနည်း၊ တန်ဖိုးမြင့်ဆိုပြီး စမတ်ဖုန်းတွေကို စီးရီးအလိုက်ဖြန့်ချိနေတဲ့အထဲမှာ J Series ဖုန်းတွေကလည်း လူကြိုက်များတဲ့ အထဲမှာ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာလည်း Galaxy C9 Pro ကိုဒေါ်လာ 460 ဝန်းကျင်နဲ့ ရောင်းချနေတာကြောင့် အင်မတန်သက်သာတဲ့ဈေးနှုန်းနဲ့ J2 2017 Edition ကိုရရှိနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ လတ်တလော ဒေါ်လာ 100 ကျော်ဝန်းကျင်ဖုန်းတွေထဲမှာ သိပ်အားရစရာလုပ်ဆောင်ချက်တွေမပါဘူးလို့ သတ်မှတ်နိုင်ပါတယ်။

Ref: gsmarena

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Leave a Comment

Most from this category