133 Shares 14 Views

ကမ္ဘာ့ပထမဆုံး အနှိပ်သည် စက်ရုပ်

Oct 13, 2017
133 14

အနှိပ်သည် စက်ရုပ်ဟာ စင်ကာပူမှာ စတင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ Expert Manipulative Massage Automation (EMMA) အမည်ရ စက်ရုပ်ဟာ နောက်ကျောနဲ့ ဒူးခေါင်းကို အဓိက ထား၍ နှိပ်နယ်ပေးနိုင်ပါတယ်။ ဒါဟာ တတိယမြောက် ဖန်တီးထားတဲ့ Emma စက်ရုပ် ဖြစ်ပေမယ့် လူသားများကို တကယ် စတင် နှိပ်ပေးတဲ့ ပထမဆုံး စက်ရုပ် ဖြစ်ပါတယ်။ သူ့မှာ Smart Sensors များ တပ်ဆင်ထားပြီး ပြဿနာ ဖြစ်နေတဲ့ ကြွက်သားများ၊ အကြောများကို အာရုံခံနိုင်ပါတယ်။ သူက ရောဂါအလိုက် သက်ရောက်ရမယ့် ဖိအား၊ နှိပ်နယ်နည်းများကို သိနားလည်ပါတယ်။

“ ဒါဟာ ရောဂါများကို ကုသပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး စက်ရုပ် ဖြစ်ပြီး ဆေးရုံမှာ တကယ့် လူနာများကို ကုသပေးနေပါပြီ။ တရုတ်ရိုးရာ နှိပ်နယ်နည်းများအတိုင်း ကုသပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ချောင်းများကို နူးညံ့တဲ့ ဆီလီကွန်ဖြင့် လူသားလက်ချောင်းများအတိုင်း ဖန်တီးထားတဲ့အတွက် တကယ့် လူနဲ့ မခြား အနှိပ်ခံရတဲ့ ခံစားမှုကို ရရှိစေပါတယ်။ လူ အနှိပ်သည်များထက်တောင် သူက ပိုမို တိကျပါတယ်။ “ လို့ Emma ကို တီထွင်ထားတဲ့ Albert Zhang က Digital Trends ကို ပြောပါတယ်။ သူဟာ စင်ကာပူ Startup AiTreat ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Emma ဟာ စင်ကာပူနိုင်ငံ Central Business District မှ ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။ Emma ဖြင့် အနှိပ်ခံချင်ရင် တစ်လလျှင် ဒေါ်လာ ၂၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါဟာ စင်ကာပူမှာတော့ သာမာန် လူအနှိပ်သည်များရဲ့ ဈေးနှုန်းနဲ့ တူညီပါတယ်။

ref : digitaltrends

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Leave a Comment

Most from this category