262 Shares 48 Views

Huawei Mate 10 Pro အတွက် စမတ် ဘောပင် ပါလာနိုင်

Oct 13, 2017
262 48

Huawei က Mate 10 Pro အတွက် Bluetooth စမတ် ဘောပင်နဲ့ အထူးထုတ်လုပ်ထားတဲ့ စာရေးတဲ့ Pad ကို တွဲဖက် ရောင်းချပေးမယ်လို့ evleaks က သတင်းပေးထားပါတယ်။ သူ့ရဲ့ ဓါတ်ပုံမှာလည်း စမတ် ဘောပင် ၊ Writing Pad နဲ့ Mate 10 Pro တို့ကို အတူတကွ တွေ့မြင်ရပါတယ်။ စမတ် ဘောပင်ဟာ Samsung Galaxy Note Series များရဲ့ S Pen ဒစ်ဂျစ်တယ် ဘောပင်နဲ့ အလုပ်လုပ်ပုံချင်း ကွာခြားပါတယ်။

Note Series များရဲ့ စကရင်မှာ S Pen ဖြင့် စာရေးသားနိုင်ပေမယ့် Mate 10 Pro ရဲ့ စကရင်မှာတော့ စမတ် ဘောပင်ဖြင့် စာရေးသားလို့ မရပါဘူး။ အဲဒီအစား အထူးထုတ်လုပ်ထားတဲ့ Writing Pad ပေါ်မှာ စမတ် ဘောပင်ဖြင့် စာရေး၊ ပုံဆွဲလိုက်ရင် Mate 10 Pro မှာ စာများ၊ ပုံများကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ Mate 10 Pro ရဲ့ စမတ်ဘောပင်ဟာ Moleskine Smart Writing Set နဲ့ ဒီဇိုင်းတူညီတဲ့အတွက် ကုမ္ပဏီနှစ်ခု ပူးပေါင်းဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။

ယခင် ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများအရ Mate 10 Pro မှာ မျက်နှာပြင်အချိုး 18:9 ပါတဲ့ Full Screen Display တပ်ဆင်ထားတာကို ဓါတ်ပုံမှာ တွေ့ရပါတယ်။ အနောက်ဘက်မှာ 12MP နဲ့ 20MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP Camera ၁ လုံး တပ်ဆင်ထားပါတယ်။

Mate 10 Pro အပြင် Huawei က Mate 10 နဲ့ Mate 10 Lite တို့ကိုလည်း မိတ်ဆက်မှာ ဖြစ်ပါတယ်။ Pro ဗားရှင်းအတွက်တော့ အပြာရင့်၊ အနက်နဲ့ အညိုရောင်တို့ကို အပိုအနေဖြင့် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Huawei က Apple iPhone အသစ်များထက် စွမ်းရည် မြင့်မားတဲ့ ဥာဏ်ရည်တု နည်းပညာကိုလည်း Mate 10 Series များမှာ ထည့်သွင်းပေးထားမယ်လို့ အရိပ်အမြွက်ပြောကြားထားပါတယ်။

Huawei က Mate 10 စမတ်ဖုန်းများဟာ စမတ်ဖုန်းများထက်တောင် စွမ်းရည်မြင့်မားတယ်လို့ ညွှန်းဆိုထားပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Huawei က စမတ်ဖုန်း အသစ်များကို ပွဲထုတ်မယ်လို့ ထင်ရပါတယ်။

ref : gsmarena

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Leave a Comment

Most from this category