186 Shares 26 Views

ဆန်ဖရန်စစ္စကို အာဏာပိုင်များက စက်ရုပ်များကို အခွန်ကောက်ဖို့ အလိုရှိနေ

Oct 13, 2017
186 26

စက်ရုပ်များနဲ့ ဥာဏ်ရည်တု နည်းပညာဟာ လူသားများရဲ့ အလုပ်အကိုင်များစွာကို လုယူလာကြတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လူသားများအား ထောက်ပံ့ဖို့ ဥာဏ်ရည်တု ဆော့ဖ်ဝဲနဲ့ စက်ရုပ် ၀န်ထမ်းများကို ခိုင်းစေထားတဲ့ ကုမ္ပဏီများအား အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှ အာဏာပိုင်များက အခွန်ကောက်ဖို့ အလိုရှိနေပါတယ်။

အခုတော့ ဆန်ဖရန်စစ္စကို အာဏာပိုင်တစ်ဦး ဖြစ်သူ Jane Kim က အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူများအတွက် Jobs of the Future Fund ကို တည်ထောင်လိုက်ပါတယ်။ အဲဒီ ရန်ပုံငွေကနေရရှိတဲ့ ငွေများဖြင့် လူသားများရဲ့ ပညာရေး၊ သင်တန်းများနဲ့ အခြား အလုပ်အကိုင် အခွင့်အလမ်းအသစ်များအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

“ ပညာရှင်များစွာက အမေရိကန် လူမျိုး သန်းပေါင်းများစွာရဲ့ အလုပ်အကိုင်များကို စက်ရုပ်များက လုယူတော့မယ်လို့ တွက်ချက်ထားကြပါတယ်။ အချို့သုတေသနစစ်တမ်းများအရ အမေရိကန် လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်ကြတော့မယ်လို့ ညွှန်ပြနေပါတယ်။ ဒီလို အသွင်ကူးပြောင်းမှုမှာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လူသားများအတွက် အခက်အခဲများ နည်းပါးစေဖို့ အခုကတည်းက စတင် စဉ်းစားဖို့ လိုအပ်နေပါပြီ။ သူတို့အတွက် အလယ်အလတ် အလုပ်အကိုင်များ၊ လစာကောင်းတဲ့ အလုပ်အကိုင်များ ရရှိဖို့ လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ “ လို့ Kim ရဲ့ ပြောရေးဆိုခွင့်ရှိသူ Julie Edwards က ပြောပါတယ်။

Kim ရဲ့ Jobs of the Future Fund လိုမျိုး အိုင်ဒီယာကို ယခုနှစ်အစောပိုင်းမှာ Microsoft ရဲ့ သူဌေး Bill Gates က ချပြခဲ့ဖူးပါတယ်။ Kim ဟာ Bill Gates ရဲ့ အိုင်ဒီယာကို စတင် အကောင်အထည်ဖော်တဲ့ အာဏာပိုင်လို့လည်း ပြောလို့ရပါတယ်။

ref : digitaltrends

You may be interested

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares0 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares88 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
484 shares141 views

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ

Ko Thuya - May 22, 2018

ဆမ်ဆောင်းက အိန္ဒိယမှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအထဲမှာ Galaxy J8 ပါဝင်ပါတယ်။ J Series များဟာ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မယ့် ဆမ်ဆောင်းရဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အနောက် ကင်မရာ နှစ်လုံးပါတဲ့ တန်ဖိုးနည်း…

Leave a Comment

Most from this category