350 Shares 101 Views

iOS 11 ရဲ့ Camera Settings အတွက် Tips (၃) ခု

Oct 13, 2017
350 101

iOS 11 မှာ iPhone ကနေ ဓါတ်ပုံရိုက်ကူးတဲ့ နည်းလမ်းကို ပြောင်းလဲပေးတဲ့ စွမ်းဆောင်ချက် အချို့ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအထဲက အကောင်းဆုံး စွမ်းဆောင်ချက်က JPEG ကို အစားထိုးပေးတဲ့ HEIF ဖိုင်ဖော်မက် ဖြစ်ပါတယ်။

၁။ HEIF ကို သုံးပါ။

HEIF ဖော်မက်ဟာ JPEG ထက် ဓါတ်ပုံများကို ပိုမို ချုံ့ပေးနိုင်တဲ့အတွက် iPhone ရဲ့ Storage မှာ နေရာလွတ်များ ရစေပါတယ်။ Settings> Camera> Formats ထဲသွားပြီး HEIF ကို သုံးဖို့ High Efficiency ကို ရွေးပေးပါ။

မှတ်ချက်။ ။ A10 Fusion Chip ပါတဲ့ iPhone 7, iPhone 7 Plus, 10.5-inch iPad Pro, second-generation 12.9-inch iPad Pro တို့မှာသာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်မှာပါ။

၂။ HEIF Photos များကို JPEG အဖြစ် Export လုပ်ပါ။

HEIF ဖြင့် ရိုက်ထားတဲ့ ဓါတ်ပုံများကို သင့် ကွန်ပြူတာ သို့မဟုတ် အခြား Device တစ်ခုသို့ ကူးပြောင်းတဲ့အခါမှာ JPEG အဖြစ် အလိုအလျှောက် ပြောင်းလဲပေးတဲ့ စွမ်းဆောင်ချက်ကို iOS 11 မှာ ထည့်သွင်းပေးထားပါတယ်။ Settings> Photos ထဲသွားပြီး Transfer to Mac or PC မှာ Automatic ကို ရွေးချယ်ပေးပါ။

၃။ Preserve Setting ကို ချိန်ညှိပါ။

iOS မှာ Camera Mode ကို Default အဖြစ် သတ်မှတ်ထားတဲ့အတွက် ကင်မရာ App ကို ဖွင့်ရင် သင် နောက်ဆုံး အသုံးပြုခဲ့တဲ့ Mode ကို ပြသပေးမှာ ဖြစ်ပါတယ်။ Camera App ကို ဖွင့်တိုင်း Standard Photo Mode ကိုသာသုံးချင်သူများအတွက် ဒီနည်းလမ်းကို သုံးပါ။ Settings > Camera > Preserve Settings ထဲသွားပါ။ အဲဒီမှာ Camera Mode, Filter နဲ့ Live Photo တို့အတွက် On/Off ခလုတ် တစ်ခုစီရှိပါတယ်။ ပထမနှစ်ခုကို Off ပေးပြီး Live Photo ကို On ပေးပါ။ ဒါဆိုရင် Camera App ကို ဖွင့်ရင် Standard Photo Mode ကို ဖွင့်ပေးမှာ ဖြစ်ပြီး Live Photo ကိုလည်း ပြောင်းနိုင်ပါတယ်။

ref : cnet

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category