613 Shares 148 Views

Apple က iPhone X ကို ဖန်တီးဖို့ အချိန် ငါးနှစ်လောက် ယူခဲ့ရတယ်လို့ ပြော

Oct 13, 2017
613 148

နည်းပညာ ဂုရုကြီး Apple မှာ သုတေသနပညာရှင်များ၊ ဒီဇိုင်နာများနဲ့ ထုတ်ကုန် ဖန်တီးသူများစွာ ရှိပြီး ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်များကို ဖန်တီးနေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ သူတို့က ထုတ်ကုန်များကို ဈေးကွက်ထဲမှာ မရောင်းခင် နှစ်များစွာကြာ အသေးစိတ် သုတေသနပြုလုပ်ကြပါတယ်။ အခုတော့ Apple ရဲ့ ဒီဇိုင်းဌာနမှ အကြီးအကဲ ဖြစ်သူ Jony Ive က iPhone X ကို ဖန်တီးဖို့ အချိန် ငါးနှစ်လောက် ယူခဲ့ရတယ်လို့ ပြောပါတယ်။

Jony Ive က ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တဲ့ New Yorker TechFest ပွဲမှာ ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ India Times ရဲ့ အဆို အရ iPhone X ရဲ့ Face ID နည်းပညာကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စတင် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

Jony Ive က အပြစ်အနာအဆာကင်းတဲ့ ထုတ်ကုန်တစ်ခု ဖန်တီးရတာ မလွယ်ကူပါဘူး။ ဘာ့ကြောင့်လဲဆိုရင် ဖန်တီးတဲ့ လူများက ရလဒ်ကို အမြဲတမ်း မတင်းတိမ်နိုင်တဲ့အတွက် ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ ဒါတောင် အချို့ iPhone 8 များမှာ စကရင်ကျွံထွက်လာတဲ့ ပြဿနာများ ဖြစ်ပေါ်နေပါတယ်။ ဖုန်းပြောစဉ် အသံအက်တဲ့ ပြဿနာလည်း ဖြစ်ပွားခဲ့တဲ့အတွက် Software Update ဖြင့် Apple က ဖြေရှင်းပေးခဲ့ပါတယ်။

Apple က Xiaomi , LG , Samsung တို့ရဲ့ ဖုန်းများမှာ အောင်မြင်နေတဲ့ Edge-to-Edge Screen ကို iPhone X မှာ ထည့်သွင်းခဲ့ပါတယ်။ Jony Ive က ဈေးကွက်က လက်ခံမယ့် စွဲဆောင်မှုရှိပြီး စွမ်းရည်ပြည့်ဝတဲ့ ဒီဇိုင်းကို ပြောင်းလဲရတာ မလွယ်ကူဘူးလို့ ပြောပါတယ်။

ref : techviral

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category