517 Shares 137 Views

မျက်နှာပြင်အကွေး၊ Dual-Camera နဲ့ Nokia 9 ရဲ့ပုံရိပ်များထွက်ပေါ်

Oct 13, 2017
517 137

ဘေးဘောင်မပါတော့သလောက်နီးပါးမျက်နှာပြင်နဲ့ဒေါင်လိုက် Dual-Camera တပ်ဆင်ထားတဲ့ အသစ်ထွက်ပေါ်လာတော့မယ် Nokia 9 ရဲ့ဖြစ်နိုင်ခြေအရှိဆုံး ပုံရိပ်တွေထပ်မံထွက်ပေါ်လာပါတယ်။ @CompareRaja နဲ့ @OnLeaks တို့ ၂ နေရာလုံးကနေ အသစ်ထွက်လာတဲ့ပုံရိပ်တွေကို မြင်တွေ့ပြီး နောက်မှာတော့ HMD ရဲ့စမတ်ဖုန်းသစ်ဟာ Galaxy S8 ဖုန်းရဲ့ဒီဇိုင်းနဲ့တောင် တူသယောင်ရှိနေပါတယ်။

ဖုန်းရဲ့ပုံပန်းသဏ္ဍာန်တော့ကြည့်လိုက်တဲ့အခါမှာ အတိုင်းအတာအားဖြင့် 140.9 x 72.9 x 7.5mm ရှိလာနိုင်ပြီး နောက်ကျောဘက်မှာထိုးထွက်နေတဲ့ ကင်မရာအထိဆိုရင်တောင် 8.9mm အထူရှိမှာဖြစ်ပါတယ်။ ကင်မရာ ဆင်ဆာအရွယ်အစားကိုအတိအကျမသိရပေမယ့် IMX258( 1/3.06” Sensor) ဖြစ်နိုင်ပြီး ၎င်းဆင်ဆာကိုတော့ Nokia 8 နဲ့ LG G6 တို့မှာသုံးထားတာနဲ့ တူနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိထွက်ထားတဲ့ ပေါက်ကြားမှုပုံရိပ်တွေကြည့်လိုက်မယ်ဆိုရင် Galaxy ဖုန်းတွေအတိုင်း အရှေ့ဘက်မှာ 5.5” AMOLED မျက်နှာပြင်အကွေးနဲ့ဖြစ်နိုင်ပြီး၊ 18:9 Panel အချိုးနဲ့အတူ QHD+ ပုံရိပ်ဖော်ပြနိုင်စွမ်းပါဝင်နိုင်ပါတယ်။

လက်ဗွေဖတ်စနစ်ကိုတော့ နောက်ကျောဘက်ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ CompareRaja မှာဖြော်ပထားချက်အရ Qualcomm’s MSM8998 Snapdragon 835 ပရိုကဆက်ဆာကိုသုံးစွဲထားနိုင်ပါတယ်။ Android စမတ်ဖုန်းထုတ်လုပ်သူအများစုဖြစ်တဲ့ S8, Note 8 နဲ့ HTC U11 တို့မှာလက်တလောသုံးနေတဲ့ စွမ်းရည်ပြည့် SOC အမျိုးအစားဖြစ်နေလို့ပါ။ အချက်အလက်သိုလှောင်မှုအတွက် ဖြစ်နိုင်စွမ်းကတော့ 4 GB RAM နဲ့အတူ 64 GB / 128 GB ဆိုပြီးရွေးချယ်ရဖို့များပါလိမ့်မယ်။ လက်ရှိထွက်ထားတဲ့ ပေါက်ကြားမှုတွေဟာမှန်ကန်နိုင်ခြေရှိပေမယ့် HMD ကတကယ်ထုတ်ပြန်တဲ့အချိန်မှာတော့ ကွဲလွဲချက်တွေရှိနေနိုင်ပါသေးတယ်။ ဒီလောက်ကောင်းတဲ့ စမတ်ဖုန်းမျိုးအတွက် HMD ဟာဈေးနှုန်း ယူရို 750 လောက်သတ်မှတ်နိုင်ပါတယ်။

Ref: Gsmarena

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Leave a Comment

Most from this category