197 Shares 60 Views

ကုမ္ပဏီရဲ့ပထမဆုံးစမတ်ဖုန်းကို နိုဝင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Razer

Oct 12, 2017
197 60

ဂိမ်းလက်တော့တွေ၊ဂိမ်းနဲ့ပတ်သတ်တဲ့ အပိုပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Razer အနေနဲ့ ဂိမ်းပိုင်းကိုဦးစားပေး တဲ့ စမတ်ဖုန်းတစ်လုံးကို သတင်းတွေခဏခဏပေါက်ကြားလာခဲ့တာ ကြာခဲ့ပါပြီ။ ယခုရက်ပိုင်းမှာတော့ စမတ်ဖုန်းတလုံးကိုလူတစ်ဦးက ကိုင်ဆောင်ထားတဲ့ပုံရိပ်တခုနဲ့အတူ နိုဝင်ဘာ ၁ ရက်နေ့ မှာမိတ်ဆက်သွားမယ့် Razer gaming စမတ်ဖုန်းကိုတွေ့မြင်ခဲ့ရပါတယ်။ Razer ရဲ့ Twitter အကောင့်မှာတင် ထားတဲ့ပုံကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ကြီးမားတဲ့မိတ်ဆက်ပွဲကို စောင့်မျှော်နေကြပြီလားဆိုတဲ့ ဒီဇိုင်းမျိုးပါ။ ပြီးတော့ တင်ထားတဲပုံမှာ နိုဝင်ဘာ၁ရက်နေ့မှာ ရောက်ရှိလာတော့မယ်ဆိုတဲ့အပြင် နောက်ဘက်မှာ ဂိမ်းနဲ့ပတ်သတ်တဲ့ပုံတွေကိုပါတွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ကိုပိုသေချာစေတဲ့အချက် ကတော့ Razar အနေနဲ့ ယခုနှစ်အတွင်းမှာတင် စမတ်ဖုန်းကုမ္ပဏီ Nextbit ကိုဝယ်ယူခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

Razer ရဲ့ Device အသစ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကိုသေချာမသိရပေမယ့် လတ်တလောစမတ်ဖုန်းတွေမှာ ပါတဲ့အတိုင်း Display ပိုင်းကိုဦးစားပေးသွားနိုင်ပြီး၊ ဂိမ်းပိုင်းကိုပိုမိုဦးစားပေးမယ့်ဖုန်းဖြစ်တာကြောင့် အသံစွမ်းရည်ပိုင်းနဲ့ ပရိုဆက်ဆာစွမ်းဆောင်ရည်ပိုင်းကို အခြားဖုန်းတွေထက်သာအောင် ပြုလုပ်နိုင်ပါတယ်။ Nextbit အနေနဲ့လည်း မိုဘိုင်းဖုန်းထုတ်လုပ်မှုပိုင်းမှာ အတွေ့အကြုံရှိနေတာကြောင့်ဒီဇိုင်းပိုင်းကောင်းမွန်မှာက တော့သေချာပါတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း Razer ရဲ့ CEO Min-Liang Tan နဲ့ Tom Moss တွဲဖက်ရိုက်ကူးထားတဲ့ပုံကို Tweet လုပ်ခဲ့ပြီး၊အဲ့ဒီပုံထဲက ဂျင်းဘောင်းဘီထဲမှာလည်း Razer စမတ်ဖုန်းလို့ ထင်ရတဲ့ Device တခုကိုလည်းတွေ့မြင်ခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လက CNBC နဲ့အင်တာဗျူးမှာလည်း CEO Min-Liang Tan ဟာ Razer အနေနဲ့ဂိမ်းကစားလို့ရနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ထုတ်လုပ်သွားမှာဆိုတာ ကောလာဟလတခုမဟုတ်ဘဲ၊ အမှန်တကယ်ထွက်ပေါ်လာဖို့ ကြိုးစားနေကြောင်း ၊ ဂိမ်းကစားခြင်းနဲ့ဖျော်ဖြေ ရေးအတွက် အဓိကဦးစားပေးသွားမှာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်သွားနိုင်ခြေရှိကြောင်း ပြောကြားခဲ့ပါသေးတယ်။

Ref: theverge, engadget

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category