206 Shares 60 Views

၁၉၉ ဒေါ်လာသာ တန်ကြေးရှိတဲ့ Oculus Go VR Headset ကို မိတ်ဆက်

Oct 12, 2017
206 60

Facebook ပိုင်ဆိုင်တဲ့ Oculus Company က တန်ဖိုးနည်း VR Headset အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Oculus Go လို့ အမည်ပေးထားပြီး ၁၉၉ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ ၄၉၉ ဒေါ်လာတန် Oculus Rift ရဲ့ ထက်ဝက်လောက်သာ တန်ကြေးရှိပါတယ်။

သူဟာ သီးခြား VR Headset ဖြစ်ပြီး စမတ်ဖုန်းများ ထည့်သွင်း အသုံးပြုဖို့ မလိုပါဘူး။ ကွန်ပြူတာများနဲ့လည်း ချိတ်ဆက် အသုံးပြုဖို့ မလိုပါဘူး။ Mark Zuckerberg က ယခုနှစ် Oculus Connect Conference မှာ VR ကို လူပေါင်း ၁ ဘီလီယမ်လောက် အသုံးပြုနိုင်အောင် ဈေးသက်သာစွာ ဖန်တီးမယ်လို့ ပြောခဲ့ဖူးပါတယ်။ Oculus Go ဟာ Oculus Rift လောက်တော့ စွမ်းရည် မမြင့်မားပါဘူး။ ကုန်ကျစားရိတ် သက်သာအောင် သူ့မှာ Tracking စနစ်များနဲ့ စွမ်းရည်ပြည့် Motion Controller များကို ဖယ်ရှားထားပါတယ်။

Oculus ရဲ့ အကြီးအကဲ ဖြစ်သူ Hugo Barra က “ VR ကို ခံစားနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။ Oculus Go မှာ Lenses အသစ်များ၊ 2560×1440 Screen နဲ့ အသံပတ်လည်ပြေး စနစ်များ ပါပါတယ်။ အဲဒီအတွက် Headphones များတောင် မလိုအပ်ပါဘူး။ သူ့မှာ Gear VR ရဲ့ Remote နဲ့ ဆင်တူတဲ့ Controller တစ်ခုကို အသုံးပြုထားပါတယ်။ အဲဒီအတွက် Developers များဟာ Gear VR နဲ့ Oculus Go အတွက် တစ်ချိန်ထဲမှာ ဖန်တီးမှုများ ပြုလုပ်နိုင်ပါတယ်။ နိုဝင်ဘာလမှာ Oculus Go Development Kits ကို Developers များအတွက် ဖြန့်ချီပေးမှာပါ။ “ လို့ ပြောပါတယ်။

ref : theverge

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category