226 Shares 70 Views

Huawei က ရေအောက်ထဲမှာ သုံးနိုင်တဲ့ Honor WaterPlay Tablet ကို မိတ်ဆက်

Oct 12, 2017
226 70

Huawei က Honor 7X စမတ်ဖုန်းနဲ့အတူ Honor WaterPlay Android Tablet ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းနဲ့ တက်ဘလက်မှာ တူညီတဲ့ Kirin 659 Chipset ထည့်သွင်းထားပါတယ်။ တက်ဘလက်ဟာ IP67 စံနှုန်းရှိပြီး ရေအနက် ၁ မီတာအထိ မိနစ် ၃၀ ကြာ အသုံးပြုနိုင်ပါတယ်။

တက်ဘလက်မှာ ၁၀.၁ လက်မ 1920x1200p Display တပ်ဆင်ထားပါတယ်။ ငွေနဲ့ ရှန်ပိန်ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ 3GB RAM , 32GB Storage နဲ့ 4GB RAM, 64GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ microSD Card Slot လည်းပါပါတယ်။ အရှေ့ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 6660mAh Battery က အချိန်အတော်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ 8MP Camera တပ်ဆင်ထားပြီး အရှေ့ဘက်ကင်မရာရဲ့ Resolution ကိုတော့ မသိရသေးပါဘူး။ Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ 3.5mm Headphone Jack ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တရုတ်မှာ ယခုလ ၂၄ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပြီး 3GB/32GB Model ကို ၃၀၃ ဒေါ်လာ ၊ 4GB/64GB Model (၀ိုင်ဖိုင်) ကို ၃၆၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 4GB/64GB Model (LTE) ကို ၄၀၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Leave a Comment

Most from this category