451 Shares 220 Views

Essential Phone ရဲ့ Pure White Model ကို ရောင်းပြီ

Oct 12, 2017
451 220

လှပတဲ့ Full Screen Design ကို အသုံးပြုထားတဲ့ Essential Phone ကို ကြေညာစဉ်က Stellar Gray , Ocean Depths , Black Moon , Pure White စတဲ့ အရောင်လေးမျိုးရွေးချယ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အနက်ရောင်မော်ဒယ်ကိုသာ စတင် ရောင်းချပေးခဲ့ပါတယ်။ အခုတော့ Pure White Model ကို ရောင်းချပေးလိုက်ပြီလို့ ကုမ္ပဏီက Facebook မှာ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ၀က်ဆိုက်၊ Amazon ၊ Best Buy နဲ့ Sprint တို့ကနေ ၀ယ်ယူနိုင်ပါတယ်။

Essential Phone ကို Android ဖန်တီးသူ Andy Rubin က တီထွင်ထားခြင်း ဖြစ်ပြီး ၅.၇၁ လက်မ 2560x1312p Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပြီး တစ်လုံးမှာ Color နဲ့ နောက်တစ်လုံးမှာ Monochrome ဖြစ်ပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ 4GB RAM, 128GB Storage, 3040mAh Battery များပါပါတယ်။ Android Nougat ထည့်သွင်းထားပါတယ်။

Essential ဖုန်း ဟာ ကုမ္ပဏီ ရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်ပြီး ကင်မရာပိုင်း နဲ့ Features ပိုင်း ကို အဓိက ထားပြီး ပြင်ဆင်လာခဲ့ပါတယ်။ $699 နဲ့ ဈေးကွက်ကို ၀င်ရောက်လာခဲ့တဲ့ အတွက် မြန်မာငွေ ၁၃၀၀ နှုန်း နဲ့ တွက်ချက်မယ် ဆိုရင်တောင် ၉ သိန်း ကျော် ရှိပြီး တခြား ဗာဟီရတွေကိုပါ ထည့်ပေါင်းလိုက်ရင် မြန်မာငွေ ၁၀ သိန်းနှုန်းလောက်ကို တန်ကြေး ရှိသွားမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Leave a Comment

Most from this category