327 Shares 53 Views

Apple က ၂၀၂၀ ခုနှစ်မှာ ကွေးညွှတ်နိုင်တဲ့ iPhone ထုတ်လုပ်ဖို့ LG နဲ့ ပူးပေါင်းနေ

Oct 12, 2017
327 53

အနာဂတ်မှာ ရောင်းချမယ့် Apple ရဲ့ iPhone ကတော့ ဒီဇိုင်းအပိုင်းမှာ အလွန် ထူးခြားဆန်းသစ်နေမှာပါ။ တောင်ကိုရီးယားကနေ ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ ၂၀၂၀ ခုနှစ်မှာ ကွေးညွှတ်နိုင်တဲ့ iPhone ထုတ်လုပ်ဖို့ LG Display နဲ့ ပူးပေါင်းနေတယ်လို့ သိရပါတယ်။

အဲဒီ စမတ်ဖုန်းကို ၂၀၂၀ ခုနှစ်မှာပဲ ရောင်းချမှာ ဖြစ်ပါတယ်။ Apple က LG Display နဲ့သာမက ကွေးညွှတ်ပျော့ပြောင်းတဲ့ Circuit များကို ထုတ်လုပ်ဖို့အတွက် LG Innotek နဲ့လည်း ပူးပေါင်းထားပါတယ်။ LG Display က ၂၀၂၀ ခုနှစ်ထုတ် iPhone အတွက် ကွေးညွှတ်ပျော့ပြောင်းတဲ့ OLED Display များကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ LG က ဒီလို ကွေးညွှတ်မျက်နှာပြင်များကို လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ဖူးပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်အောင် ဆက်လက် ဖန်တီးနေတယ်လို့ သိရပါတယ်။

iPhone X ဟာ OLED Display တပ်ဆင်ထားတဲ့ ပထမဆုံး iPhone ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မျက်နှာပြင်များကို Samsung က ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ Samsung က OLED နည်းပညာမှာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်း ဦးဆောင်သူ ဖြစ်နေပါတယ်။ အဲဒီအတွက် Apple ဟာ ခေါက်ချိုး စမတ်ဖုန်းအတွက် Samsung နဲ့ မပူးပေါင်းဘဲ LG နဲ့ ပူးပေါင်းတာက ထူးဆန်းနေတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

ref : theverge

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category