713 Shares 273 Views

Pixel 2 စမတ်ဖုန်းဝယ်ယူသူတွေကို ၅၀%ရာခိုင်နှုန်းငွေပြန်အမ်းမယ့် အစီအစဉ် T-Mobile ပြုလုပ်

Oct 12, 2017
713 273

နိုင်ငံတကာမှာတော့ စမတ်ဖုန်းရောင်းချသူတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေပူးပေါင်းပြီး မိုဘိုင်းဈေးကွက်ကိုပို မိုတိုးချဲ့လာကြပါပြီ။ ဝါရှင်တန်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးကုမ္မဏီဖြစ်တဲ့ T-Mobile ဟာသူ့ဆီမှာ Google ရဲ့ Pixel 2 စမတ်ဖုန်းကိုဝယ်မယ်ဆိုရင် ၅၀% ရာခိုင်နှုန်းငွေပြန်အမ်းမယ့် အစီအစဉ်ပြုလုပ်လိုက်ပါတယ်။ Google ရဲ့ကိုယ်ပိုင်စတိုးဆိုင်တွေမှာ ဝယ်မယ်ဆိုရင် ဒေါ်လာ 649 ကျသင့်မယ့် Pixel 2(64GB) စမတ်ဖုန်းကို တဝက်ဈေးဖြစ်တဲ့ ဒေါ်လာ 325 နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဟာ မိုဘိုင်းဆက်သွယ်ရေးကုမ္မဏီတွေရဲ့ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုလို့သတ်မှတ်နိုင်ပြီး T-Mobile ကတော့၊သူ့ရဲ့ဒေသတွင်းပြိုင်ဘက် Verizon ကို အပြိုင်လိုက်လုပ်နေတာပါ။ သူတို့ရဲ့ကြော်ငြာမှာတောင် Pixel ရဲ့စွမ်အားတွေကို ဖွင့်ထုတ်ဖို့အတွက် Verizon မလိုတော့ဘူးလို့ဆိုထားပါတယ်။ ဘာကြောင့်ဆိုရင် အခု T-Mobile ကပြုလုပ်ပေးလိုက်တဲ့ အစီအစဉ်ဟာ Verizon နဲ့ Google သဘောတူထားတဲ့အစီအစဉ်နဲ့ယှဉ်လိုက်မယ်ဆို ရင်ပိုသာနေပါတယ်။ Verizon ဟာ Google ရဲ့ “Exclusive Wireless Parter” ကုန်သွယ်မှုအစီအစဉ် ကိုတဦးတည်းရရှိထားတာဖြစ်ပြီး မူလ Pixel ဗားရှင်းထဲကအကြိုညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြတာပါ။သို့ပေမယ့် T-Mobile မှာသတ်မှတ်ချက်ရှိနေပါတယ်။ ဖုန်းရဲ့မူလပိုင်ရှင်တွေဟာ ဒီအစီအ စဉ်မှာပါဝင်နိုင်မှာပြီး Craigslist, eBay လိုအွန်လိုင်းစတိုးတွေကဝယ်ယူထားသူတွေကတော့ အကျံးဝင်မှာမ ဟုတ်ပါဘူး။

ဈေးကွက်မြင့်တင့်ခြင်းရဲ့နောက်ထပ်အကြောင်းမှာတော့ T-Mobile ရဲ့လက်ရှိသုံးနေသူ(သို့)လိုင်း အသစ်ကိုယူထားသူဖြစ်ရပါမယ်။ ပြီးတာနဲ့ T-Mobile ရဲ့ONE Unlimited Plan (အခွန်နဲ့ဝန်ဆောင်ခ ပါဝင်ပြီးတစ်လကိုဒေါ်လာ၇၀ကျသင့်) ကို Sign Up ပြုလုပ်ပေးရမှာပါ။ လက်ရှိသုံးစွဲနေတဲ့ ဖောက်သည်တွေ အတွက်ကိုတော့ T-Mobile ONE သို့ Simple Choice Unlimited ထဲကတလိုင်းကိုရွေးချယ်ပြီး သဘော တူညီမှုရယူနိုင်မှာဖြစ်ပါတယ်။

T-Mobile ရဲ့နောက်ဆုံးပေါ်အရောင်းမြင့်တင်ရေးအစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ်တွေထက်စာရင်များစွာတိုးတက်လာ ခဲ့ပါတယ်။ ယခင်ရောင်းချမှုပုံစံအရဆိုရင် လျော့ဈေးအနည်းငယ်သာရှိပြီး ၂ နှစ်အတွင်းလစဉ်ဖုန်းဝန်ဆောင်ခ ဘယ်လောက်ထိသုံးရမယ်ဆိုတဲ့ ကန့်သတ်မှုတွေရှိနေပါတယ်။ သို့ပေမယ့် ပုံမှန်သုံးနေကြဖောက်သည်ဆိုရင် တော့ အားသာချက်အနေနဲ့လိုင်းယူစရာမလိုပဲ။ တစ်စုံတခုသာပြန်လည်ပေးအပ်လိုက်ရုံပါ။
Ref: forbes

You may be interested

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares0 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares88 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
484 shares141 views

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ

Ko Thuya - May 22, 2018

ဆမ်ဆောင်းက အိန္ဒိယမှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအထဲမှာ Galaxy J8 ပါဝင်ပါတယ်။ J Series များဟာ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မယ့် ဆမ်ဆောင်းရဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အနောက် ကင်မရာ နှစ်လုံးပါတဲ့ တန်ဖိုးနည်း…

Leave a Comment

Most from this category