278 Shares 186 Views

ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေတဲ့ Pornhub

Oct 12, 2017
278 186

ဥာဏ်ရည်တု နည်းပညာက ဓါတ်ပုံနဲ့ ဗီဒီယိုများမှာပါတဲ့ အရာများကို နားလည်သိရှိပါတယ်။ အခုတော့ ကမ္ဘာ့နာမည်ကျော် လူကြီး ၀က်ဆိုက်တစ်ခုဖြစ်တဲ့ Pornhub က ဥာဏ်ရည်တု နည်းပညာကို အသုံးပြု၍ သူ့ရဲ့ ဗီဒီယိုများကို ကဏ္ဍများခွဲခြားမယ်လို့ ကြေညာလိုက်ပါတယ်။

ဝက်ဆိုက်က အပြာမင်းသမီး ၁၀ ၀၀၀ ကျော်ရဲ့ မျက်နှာများကို ဗီဒီယိုများမှာ အာရုံခံနိုင်တဲ့ မျက်နှာအာရုံခံ ဆော့ဖ်ဝဲကို အသုံးပြု၍ ဗီဒီယိုများမှာ မင်းသမီးများကို Tag လုပ်မယ့် အစီအစဉ်ကို အရင်ဆုံး ပြုလုပ်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ၀က်ဆိုက်မှ ဗီဒီယိုပေါင်း ၅ သန်းကျော်ကို Scan ပြုလုပ်ဖို့ စီစဉ်ထားပါ တယ်။ ဆော့ဖ်ဝဲက ဗီဒီယိုများကို ခွဲခြမ်းစိတ်ဖြာ၍ Public , Blonde, MILF စသဖြင့် ကဏ္ဍများခွဲခြားပေးမှာ ဖြစ်ပါတယ်။

Pornhub ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Corey Price က ဥာဏ်ရည်တု နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများနဲ့ ပူးပေါင်းနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ Pornhub မှ ဗီဒီယိုများကို ကဏ္ဍများခွဲခြားခြင်း၊ Tag ပြုလုပ်ခြင်းများအတွက် အများပြည်သူကို အားကိုးနေရခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ Machine Learning Software ဟာ လက်ရှိမှာ တစ်လလျှင် ဗီဒီယိုပေါင်း ၅၀ ၀၀၀ ကို Scan ပြုလုပ်ပေးနေပါတယ်။ ဒီနှုန်းအတိုင်းသာဆိုရင် ၀က်ဆိုက်မှ ဗီဒီယိုအားလုံးကို Scan လုပ်ဖို့ ၁၀ နှစ်လောက်ကြာနိုင်ပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲရဲ့ စွမ်းဆောင်ရည် တိုးတက်လာမယ်လို့ ယုံကြည်ရပါတယ်။

ဥာဏ်ရည်တု နည်းပညာကို အပြာ ၀က်ဆိုက်မှာ အသုံးပြုခြင်းဟာ ဒါ ပထမဆုံး ဖြစ်လာပါတယ်။ Porn နယ်ပယ်မှာ ခေတ်ပေါ် နည်းပညာများကိုလည်း အသုံးပြုလာကြပါတယ်။ VR
Content များကိုတောင် လူကြီး ၀က်ဆိုက်များမှာ ကြည့်ရှုနိုင်ပါပြီ။

ref : theverge

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category