447 Shares 220 Views

Pixel 2 XL ထက် iPhone X က ပိုကောင်းတဲ့အချက် ၉ ချက်

Oct 12, 2017
447 220

မြင့်မားတဲ့ ကင်မရာအဆင့်သတ်မှတ်ချက်၊ပြည့်စုံလွန်းတဲ့ Google လက်ထောက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ အရာဝတ္ထု တွေကိုအကောင်းဆုံးဖော်ထုတ်ရိုက်ကူးနိုင်မယ့် မှန်ဘီလူး လူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းကြောင့် Pixel 2 XL ကိုကြိုက်နှစ်သူများပြားပါလိမ့်မယ်။ သို့ပေမယ့် iPhone X နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ Apple ရဲ့ ဈေးနှုန်းဒေါ်လာ ၉၉၉ တန်ကိုသာဝယ်ယူဖို့ များပြားနေတာတွေ့ရပါလိမ့်မယ်။ ဘာကြောင့်လို့ထင်ပါသလဲ

ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်း

Pixel 2 XL ကိုယ်ဟာ ထူထပ်တဲ့ဘေးနဲ့အောက်ခြေဘောင်လေးတွေကြောင့် ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ အတိုင်းသိပ်အကောင်းကြီးမဟုတ်ပါဘူး။ 2017 နှစ်ကုန်ပိုင်းမှာထွက်လာမယ့် iPhone X မှာတော့ Google ထက် ပိုကောင်းတဲ့ Edge To Edge Display နဲ့ဖြစ်ပါတယ်။ နောက်ထပ်အချက်ကတော့ iPhone X မှာ Pixel2 XL ထက်ပိုပါးလွှာပြီး၊ပိုကျဉ်းတဲ့ အနားသတ်ဘောင်လေးတွေနဲ့ပါ။

ပိုမိုကောင်းမွန်သွက်လက်တဲ့ A11 Bionic CPU

Pixel 2 XL မှာတပ်ဆင်ထားတဲ့ Snapdragon 835 ပရိုဆက်ဆာနှေးကွေးတယ်လို့ မဆိုနိုင်ပေမယ့် စမ်းသပ်မှုပေါ်မူတည်ပြောရမယ်ဆိုရင်တော့ A11 Bionic chip ကနောက်ကောက်ချနိုင်လိုက်ပါပြီ။ Geekbench 4 ရဲ့အထွေထွေစွမ်းဆောင်ချက် Test ပြုလုပ်မှုမှာ iPhone 8 နဲ့တူညီတဲ့ရမှတ်ကိုခွဲဝေရယူသွားပြီး Snapdragon 835 သုံးထားတဲ့ S8 ထက်တော့ အပြတ်အသတ်သာနေပါတယ်။ ဒါအပြင့် A11 ပရိုဆက်ဆာရဲ့အစွမ်းဟာ အခြား Android ဖုန်းတွေနဲ့ ယှဉ်လိုက်တဲ့အချိန်မှာလည်း ဗီဒီယိုတည်းဖြတ်တဲ့အခါမှာ ကြီးမားတဲ့ဖိုင်တွေကိုမြန်ဆန်စွာဖွင့်လှစ်နိုင်စွမ်းနဲ့ ဘယ်လိုအရင်းအမြစ်မျိုးကလာတဲ့ ဂိမ်းမျိုးကိုမဆိုသွက်သွက်လက်လက်ကစားနိုင်တဲ့နေရာမှာ သာနေပါတယ်။

စစ်မှန်တဲ့ Optical Zoom

Google အနေနဲ့သူ့ရဲ့ Pixel 2 နဲ့ Pixel 2 XL တို့ဟာ DxOMark ရဲ့ကင်မရာအဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းအဆင့်ရှိတယ်လို့ပြောပါလိမ့်မယ်။ ဒါဟာ Single Lens နဲ့ဓာတ်ပုံတွေရိုက်ကူးတဲ့အခါမှာ Portrait Shot ကိုသုံးပြီး Blur သို့ Bokeh Effect ပြုလုပ်နိုင်တာပဲရှိပါတယ်။ သို့ပေမယ့် Dual-camera ပါတဲ့ iPhone X မှာတော့ ပုံရိပ်တွေဖမ်းယူတဲ့အခါမှာ အများကြီးအထောက်အကူပြုပေးနိုင်မယ့် 2x Optical Zoom ကိုပေးစွမ်းပါလိမ့်မယ်။ Digital Zoom နဲ့ဆိုရင်တော့ အဝေးကပုံရိပ်တွေကို အနီးကပ်ဖမ်းယူတဲ့အခါမှာ ပုံရိပ်မပြတ်သားပဲ ဝါးသွားတဲ့ အနှောင့်အယှက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။

မျက်နှာအသိအမှတ်ပြုမှုကို ချက်ချင်းစွမ်းဆောင်ပေးနိုင်တဲ့ Lock စနစ်

Pixel 2 XLမှာထည့်သွင်းပေးထားတဲ့လက်ဗွေဖတ်စနစ်ဟာ အကျွမ်းဝင်ပြီးသားလုပ်ဆောင်ချက်ဖြစ်တာကြောင့် သိပ်မခက်ခဲပါဘူး။ ဒါပေမယ့် သင့်ရဲ့ဖုန်းကို Unlock ပြုလုပ်ဖို့နောက်ထပ်အဆင့်တခုလိုအပ်တယ်မထင်ဘူး လား။ iPhone X မှာထည့်သွင်းပေးထားတဲ့ Face ID ကတော့သင့်မျက်နှာကိုဖုန်းရှေ့ထားလိုက်တာနဲ့ ဖုန်းကိုဖွင့် ပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ပွတ်ဆွဲနေစရာမလိုတော့ပါဘူး။ ဒါ့အပြင်ဖုန်းကိုဖွင့်ဖို့ Lock ပြုလုပ်ဖို့သုံးစွဲဖို့ နောက်ကျောဘက်မှာလိုက်စမ်းနေတာထက်စာရင်ပိုကောင်းပါတယ်။

လက်တဖက်တည်းနဲ့လွယ်ကူစွာကိုင်တွယ်နိုင်မှု

လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ဟာ XL အရွယ်အစား Phablet တွေနဲ့နေသားတကျဖြစ်နေခဲ့ပါပြီ။ အခု iPhone X ကိုတော့စိတ်လှုပ် ရှားဖွယ်သေးငယ်တဲ့ဒီဇိုင်းဖြစ်အောင် ဖန်တီးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ 5.8-inch မျက်နှာပြင်မှာ 5.65 x 2.79 x 0.30-inch ဒီဇိုင်းနဲ့ပါ။ Pixel 2 XL မှာတော့ အနည်းငယ်ပိုကြီးတဲ့ ၆ လက်မမျက်နှာပြင်နဲ့အတူ 6.2 x 3.0 x 0.3 inches နဲ့အတူသိသိသာ သာကြီး ပိုကျယ်ပြန့်နေပါတယ်။ ဒါကြောင့် iPhone X ဟာလက်မှာကိုင်တွယ်သုံးစွဲရတာပိုမိုအဆင်ပြေစေပါတယ်။

ကြိုးမဲ့အားသွင်းစနစ်

သင့်ဖုန်းကိုအားသွင်းနေတဲ့အချိန်မှာ မျက်နှာပြင်နဲ့အခြားနေရာတွေကို ထိခိုက်မိနိုင်တယ်ဆိုတာကို စိုးရိမ်ခဲ့ဘူးပါသလား။ iPhone X မှာအားသွင်းရတာ လွယ်ကူအဆင်ပြေစေတဲ့ ကြိုးမဲ့အားသွင်းစနစ်ထည့်သွင်းပေးထားပါတယ်။ ဆမ်ဆောင်းဖုန်းတွေမှာတောင် ဒီနည်းပညာသုံးနေပါပြီ။ ဒီလိုအလားအလာကောင်းတဲ့နည်းပညာမျိုးကို ဘာလို့ Google အနေနဲ့ Pixel XL 2 သုံးတဲ့သူတွေကို မပေးရ လည်းဆိုတာစဉ်းစားစရာပါ။

အချက်အလက်ပိုမိုသိုလှောင်နိုင်မှု

iPhone X ရဲ့ 256GB ကိုဈေးနှုန်း ($1,149) ကျသင့်မှာဖြစ်ပြီး Pixel 2 XL 128GB ကတော့ ($949) သာရှိမှာဖြစ်တာကြောင့် ဈေးနှုန်းအရပိုများပါတယ်။ သို့ပေမယ့် Apple သုံးစွဲသူတွေအတွက်စဉ်းစားပေးထားတာကတမျိုးပါ Google ဖုန်းထက်စာရင်၊ဖုန်းတွင်းအချက်အလက်ပိုမိုသိမ်းဆည်းနိုင်စွမ်းရှိတာကြောင့် သင့်အနေနဲ့ 4K ဗီဒီယိုတွေကို ပိုမိုမြန်ဆန်သွက်စွာ ရိုက်ကူးနိုင်ပါလိမ့်မယ်။ ရိုက်ကွင်းစမယ်ဟေ့ လို့ဆိုလိုက်တာနဲ့ အသင့်အနေအထားဖြစ်နေပါလိမ့်မယ်။

ပိုကောင်းတဲ့ Video ရိုက်ကူးနိုင်မှု

ဗီဒီယိုဇာတ်လမ်းအတိုလေးတွေရိုက်ကူးတဲ့အချိန်မှာတော့ Pixel 2 Xl ထက် iPhone X ကပိုကောင်းသွားပါပြီ။ ရုပ်ထွက်ရှင်းလင်းပြတ် သားတဲ့ ပုံရိပ်ရရှိရုံသာမက 4K Video တွေကို 60fps နဲ့ဖမ်းယူနိုင်ပြီး၊ အနှေးပြကွက်ဗီဒီယိုတွေကို 1080p အတွက် 240fps နဲ့ဖမ်းယူနိုင်ပါလိမ့် မယ်။ Pixel 2 XL ရဲ့ 4K ကိုအမြင့်ဆုံးဖမ်းယူနိုင်စွမ်းက 30fps နဲ့သာရနိုင်ပြီး 1080p ဗီဒီယိုတွေအတွက် အမြန်ဆုံးနှုန်းမှ 120 fps လောက်သာပေးစွမ်းမှာဖြစ်ပါတယ်။

AR စတစ်ကာတွေထက်ပိုသာတဲ့ Animoji

Google အနေနဲ့ Pixel 2 မိတ်ဆက်ပွဲမှာ နမူနာဗီဒီယိုတခုကိုပြသခဲ့ပါတယ်။ Goolge ရဲ့ပြသမှုမှာတော့ AR ဇာတ်ကောင်လို့ သတ်မှတ်ရတဲ့ စတစ်ကာလေးတွေကို ဖုန်းတလုံးကနေအခြားတလုံးကို ပေးပို့ပြတာဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရတော့ iPhone X ရဲ့ Animoji လုပ်ဆောင်ချက်ဟာမက်ဆေ့ပြောဆိုနေတဲ့အချိန်မှာ Unicorn သို့ Poo emoji လေးတွေကို သင့်ကိုယ်ပိုင်ဖန်တီးမှုနဲ့ ပြုလုပ်ပြီးပေးပို့နိုင်မှဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့ Animoji ကြောင့်မကြာခဏမက်ဆေ့ပို့မိပါလိမ့်မယ်။
Ref: tomsguide

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category