0 Shares 74 Views

HTC က အသစ်ထုတ်မယ့် စမတ်ဖုန်းရဲ့ ကင်မရာ အကြောင်း ထုတ်ဖော်ပြောကြား

အထက်တွင်ရှိသော ဖုန်းမှာ One X9 ဖြစ်ပြီး အောက်က ဖုန်းမှာ One A9 ဖြစ်ပါတယ်

အထက်တွင်ရှိသော ဖုန်းမှာ One X9 ဖြစ်ပြီး အောက်က ဖုန်းမှာ One A9 ဖြစ်ပါတယ်

 

ကမ္ဘာကျော် HTC ဖုန်းကုမ္မဏီဟာ သူတို့ရဲ့ အသစ်ထပ်မံ ထုတ်လုပ်မယ့် စမတ်ဖုန်းနဲ့ ပတ်သက်ပြီး သဲလွန်စ တစ်စွန်းတစ်စ ပေးထားပြီး အဲဒီ ဟန်းဆက်ရဲ့ ကင်မရာ နဲ့ ပတ်သက်လို့လည်း အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တစ်ဖက်မှာလည်း HTC ရဲ့ ထပ်မံထုတ်လုပ်မယ့် ဟန်းဆက် အသစ်ဖြစ်တဲ့ One X9 ရဲ့ ဓါတ်ပုံတွေဟာလည်း ပေါက်ကြားထားပါသေးတယ်။

အင်္ဂါနေ့ကပဲ ထိုင်ဝမ် အခြေစိုက်နည်းပညာ ကုမ္မဏီဖြစ်တဲ့ HTC က အတည်ပြုပြောကြားခဲ့တာဟာ အနောက်ကင်မရာ 13 Megapixel ပါရှိပြီး Optical Image Stabilisation လို့ခေါ်တဲ့ OIS လုပ်ဆောင်ချက်အသစ်နဲ့ RAW ဖိုင် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းတွေလည်း ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်သွားမယ်ဆိုတာပါ။ ထို အတည်ပြုပြောကြားချက်ထဲမှာ HTC One A9 ဟန်းဆက် အကြောင်းတွေကိုလည်း ပြန်လည် ပြောဆိုထားတဲ့အတွက် သူတို့အသစ်ထုတ်လုပ်မယ့် ဟန်းဆက်ဟာ မကြာသေးမီကမှ ဓါတ်ပုံတွေ ပေါက်ကြားထားတဲ့ HTC One X9 ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ဒါပေမယ့်လည်း HTC ကုမ္မဏီက ထို ဟန်းဆက် အသစ်ကို ဘယ်နေ့ထုတ်လုပ်မယ်ဆိုတာ မပြောပြခဲ့ပါဘူး။ ပေါက်ကြားလာတဲ့ HTC One X9 ရဲ့ ဓါတ်ပုံတွေကို ကြည့်ခြင်းအားဖြင့်တော့ ထိုဟန်းဆက် ဟာ HTC One A9 နဲ့ ဆင်တူ တဲ့ ဒီဇိုင်းရှိပြီး မျက်နှာပြင်ရဲ့ အထက်နဲ့ အောင်မှာ စပီကာ ၂ လုံးပါဝင်တာတွေ့ရပါတယ်။ အနောက်ကင်မရာကတော့ အရင်ဖုန်းတွေလို အလယ်တည့်တည့်မှာ ရှိတာမဟုတ်ပဲ ဘေးဘက်နည်းနည်း ရောက်နေတာတွေ့ရပါတယ်။

အခြားထင်ရှားတဲ့ Feature တွေကတော့ Navigation ခလုတ်ပါဝင်လာတာပါ။ HTC One A9 မှာတုန်းကတော့ မျက်နှာပြင်ပေါ်မှာပဲ(On-Screen) ခလုတ်အနေနဲ့ ပါဝင်ခဲ့တာပါ။ One A9 စမတ်ဖုန်းကို ထုတ်လုပ်ပြီး မကြာခင်မှာပဲ HTC က ကြေညာခဲ့တာက အသစ်ထပ်မံ ထုတ်လုပ်မယ့် စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းကို One A9 ရဲ့ ဒီဇိုင်းအတိုင်း ပဲ အဆင့်မြင့် M-စီးရီးနဲ့ ၊ အလယ်အလတ်တန်း စီးရီး အဖြစ် သတ်မှတ်ထုတ်လုပ်သွားမယ်ဆိုတာပါပဲ။

“One A9 က စတင်ပြီး ငါတို့ရဲ့ ဒီဇိုင်း ဘာသာစကားဟာ ခြားနားပြီး ဖက်ရှင်ကျတဲ့ ပြောင်းလဲမှု တစ်ခုထဲကို ၀င်ရောက်လာပါလိမ့်မယ်” လို့ HTC ရဲ့ အာရှ မြောက်ပိုင်း ဥက္ကဌ ဖြစ်သူ Jack Tong က ဆိုထားပါတယ်။

 

( Mario )

 

Ref : Gadgets 360

 

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category