494 Shares 155 Views

Snapdragon 845 ကို အစောဆုံး ပိုင်ဆိုင်မယ့် Samsung Galaxy S9

Oct 11, 2017
494 155

မော်စကို အခြေစိုက် သတင်းထောက် Eldar Murtazin က Twitter မှာ Samsung Galaxy S9 နဲ့ S9 Plus တို့ဟာ Snapdragon 845 ကို အစောဆုံး ရမယ့် စမတ်ဖုန်းများ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ သူက အဲဒီ စမတ်ဖုန်းများကို ပုံမှန်ထက် ၁ လလောက်စောပြီး ၂၀၁၈ ခုနှစ် မတ်လလောက်မှာ မိတ်ဆက်မယ်လို့လည်း ပြောပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများအရ အဲဒီ စမတ်ဖုန်းများမှာ 12MP အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Galaxy S8 , S8 Plus , Note 8 စမတ်ဖုန်းများမှာလို ဘေးဘောင်မဲ့ မျက်နှာပြင်များ တပ်ဆင်ထားနိုင်ပါတယ်။

အနည်းဆုံးအနေဖြင့် 6GB RAM, 64GB Internal Storage တပ်ဆင်ထားနိုင်ပြီး microSD Card ဖြင့်လည်း Storage ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ပေးထားမှာပါ။

Snapdragon 845 Model အပြင် Samsung Exynos 9810 SoC ထည့်သွင်းထားတဲ့ မော်ဒယ်ကိုပါ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီက Galaxy S9 စမတ်ဖုန်း နှစ်လုံးအတွက် Firmware ကို ရေးနေပြီလို့ သိရပါတယ်။

Samsung ဟာ Galaxy S Series များကို ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Mobile World Congress (MWC) မှာ မိတ်ဆက်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Note 7 ပြဿနာကြောင့် Galaxy S8 စမတ်ဖုန်းများကို နောက်ကျပြီးမှ မိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ref: androidheadlines

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category